နေပြည်တော်၊ လူမှုရေးနေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည် စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး   အစည်းအဝေးခန်းမ၌ ကျင်းပသည်။  အစည်းအဝေးတွင်   နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုး အောင်က အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီဒုတိယဥက္ကဋ္ ဌနေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က လုပ်ငန်းများစိစစ်ဆောင်ရွက်ချက်များနှင့်  စပ်လျဉ်း၍  ဆွေးနွေးတင်ပြသည်။ ထို့နောက် နေပြည်တော် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်း ရေးမှူးဦးဇော်မိုးအောင်က သိမ်းဆည်းလယ်ယာမြေများနှင့် ပတ်သက်ပြီးဖြေရှင်းဆောင်ရွက် သွားရမည့်  လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီဝင်တို့ကဆွေးနွေးမှုများအား   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။