ဖိလစ်ပိုင်က ဗိုင်းရပ်ကာကွယ်ဆေးရရှိရန် အမေရိကန်၊ ရုရှားကိုယ်စားလှယ် များနှင့်ဆွေးနွေး

မနီလာ၊ ကျန်းမာရေး

ဖိလစ်ပိုင်အစိုးရသည် နိုင်ငံအတွက်လုံလောက်သော ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးရရှိစေရေးအတွက် အမေရိကန်နိုင်ငံမှ ဖိုင်ဇာဆေးကုမ္ပဏီနှင့် ရုရှားသံရုံးတို့မှကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၄  ရက်တွင်ထုတ်ပြန်ထားသည်။ နိုင်ငံအတွင်း    ဗိုင်းရပ်ကူးစက်ခံရသူအရေအတွက်မှာ အမြင့်ဆုံးသို့ရောက်ရှိလာသည့်အတွက် ဒီဇင်ဘာလတွင် ပုံမှန် အခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေရန်လုပ်ဆောင်မည်ဟု သမ္မတ ရိုဒရီဂိုဒူတာတေက ကတိပြုထားသည်။ ထို့ပြင် တရုတ်နှင့်ရုရှားတို့ကဲ့သို့  နိုင်ငံများမှ    ဗိုင်းရပ်ကာကွယ်ဆေးများရရှိရန် လည်းမျှော်လင့်ထားကြောင်း ဒူတာတေက ပြောထားသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သမ္မတရုံး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်   နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ   တာဝန်ရှိသူများသည် ဖိုင်ဇာဆေး ကုမ္ပဏီအပါအဝင် ရုရှားတာဝန်ရှိသူများနှင့် စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းတွင် တွေ့ဆုံဆွေး နွေးကြောင်း ဒုတိယကျန်းမာရေးဝန်ကြီးက ပြောသည်။ လာမည့်အောက်တိုဘာလတွင်  အမေရိကန် နိုင်ငံအတွင်း၌ ကာကွယ်ဆေးကို စတင်ရောင်းချတော့မည်ဖြစ်ကြောင်း အမေရိကန်ပြည်သူ့ ကျန်းမာရေးတာဝန်ရှိသူများနှင့် ဖိုင်ဇာဆေးကုမ္ပဏီကပြောသည်။ ဖိလစ်ပိုင်အစိုးရအနေဖြင့် အခြားသော နိုင်ငံများမှထောက်ပံ့ပေးသည့်  ဗိုင်းရပ်ကာကွယ်ဆေးများကို နိုင်ငံ၏လူဦးရေတစ်စိတ် တစ်ပိုင်းတွင်  စမ်းသပ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒုတိယကျန်းမာရေးဝန်ကြီးကပြောသည်။