ရုရှား၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက ပဋိပစ္စည်းလ့ှုံဆော်မှုရ

မော်စကို၊ ကျန်းမာရေး

ရုရှား၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်သော  Sputnik-V သည် ပထမအဆင့်လက်တွေ့စမ်းသပ်မှု များ၌ပါဝင်သူအားလုံးတွင် ပဋိပစ္စည်းများလှုံ့ဆော်မှုရှိကြောင်း စက်တင်ဘာ   ၄ ရက်ထုတ်လန်းစက် ဆေးပညာဂျာနယ်တွင်ဖော်ပြထားသည်။ ထိုကာကွယ်ဆေးစမ်းသပ်မှုနှစ်ခုကို ဇွန်လနှင့် ဇူလိုင်လ အတွင်းပြုလုပ်ခြင်းဖြစ်ပြီး လူ ၇၆ ဦးပါဝင်ကြောင်း၊ ထွက်ပေါ်လာသောရလဒ်များအနေဖြင့် ပါဝင်သူ ၁ဝဝ ရာခိုင်နှုန်းတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကိုကာကွယ်ပေးနိုင်သော ပဋိပစ္စည်းများထွက်လာပြီး ဆိုးဝါးသောမည်သည့်ဘေးထွက်ဆိုးကျိုး မျှမခံစားရကြောင်း ဂျာနယ်တွင်ဖော်ပြထားသည်။ ရုရှားအစိုးရသည် ဆေးနှစ်လုံးထိုးရမည့် အဆိုပါကာကွယ်ဆေးကို ပြည်တွင်းအသုံးပြုရန်  သြဂုတ်လ တွင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ရုရှားအစိုးရအနေဖြင့်    ထိုကာကွယ်ဆေးကို  အရေးကြီးသည့်    နောက်ဆုံး အဆင့်လက်တွေ့ စမ်းသပ်မှုများမလုပ်ဘဲ အသုံးပြုခွင့်ပေးခြင်းအပေါ် အနောက်နိုင်ငံများက အမျိုးမျိုး ဝေဖန်ထားသည်။ သို့သော် အဆိုပါကာကွယ်ဆေးနှင့်ပတ်သက်၍ နိုင်ငံတကာဆေးပညာဂျာနယ်က ယခုကဲ့သို့ပထမဆုံးအကြိမ်ဖော်ပြမှုနှင့် ပြီးခဲ့သည့်သီတင်းပတ်တွင် လူ ၄ဝဝဝဝ ပါဝင်သော နောက်ဆုံး အဆင့်စမ်းသပ်မှုများကိုစတင်လုပ်ဆောင်ခြင်းက ဝေဖန်သူများကို အမှန်တရား ပြသလိုက်နိုင်ကြောင်း ရုရှားတာဝန်ရှိသူတစ်ဦးကပြောသည်။ ကမ္ဘာပေါ်တွင် ယနေ့အထိလူပေါင်း ၂၆ သန်းခွဲကျော်ကို ကူးစက်ပြီး ၈၇ဝဝဝဝ ကျော်ကိုသေဆုံးစေသည့်  နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုမှကာကွယ်နိုင်ရန်  နိုင်ငံအသီးသီးက ကာကွယ်ဆေးများကိုထုတ်လုပ်နိုင်ရန် အသီးသီးကြိုးပမ်းလျက်ရှိသည်။ ကာကွယ် ဆေး တစ်မျိုးရရှိရေးအတွက် အရေးအကြီးဆုံးသော    နောက်ဆုံးအဆင့်လက်တွေ့ စမ်းသပ်မှုကို လုပ်ဆောင်နေပြီဖြစ်သည့်  ကာကွယ်ဆေးအမျိုးပေါင်း   တစ်ဒါဇင်ကျော်ရှိကြောင်းသိရသည်။