COVID-19 ပိုးတွေ့လူနာ ၆ဝ ဦး ထပ်တိုး၊ ရောဂါအခံရှိသူလူနာ အမှတ် ၁ဝ၂၃ သေဆုံး၊ သေဆုံးသူ ၇ ဦးအထိရှိလာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ၁၁ နာရီနှင့် ည ၈နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၆ဝ ဦးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းပိုးတွေ့လူနာ ၁၁၇၁ ဦးအထိရှိလာကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်များတွင် (၃-၉-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၃၂၇ ခုနှင့်ဆေးသုတေသနဦးစီးဌာန(DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၄ဝ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၂ ဦးတွေ့ရှိ ရသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် ၄၆ နှစ်အရွယ် အရေပြားလေးဖက်နာရောဂါအခံရှိသူ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ(Case-1023)သည် နောက်ဆုံးအဆင့် ကျောက်ကပ် ပျက်စီးခြင်းနှင့် ရုတ်တရက်နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ခြင်းကြောင့် (၃-၉-၂ဝ၂ဝ)ရက် ည ၁ဝ နာရီခွဲအချိန်တွင် သေဆုံးသွားသည်။ သို့ဖြစ်ရာ (၄-၉-၂ဝ၂ဝ)ရက် နံနက် ၈ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ခုနစ်ဦးရှိပြီဖြစ်သည်။ (၃-၉-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှဓာတ်ခွဲနမူနာ ၁၈၅၈ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ၂၈၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၈၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၉၄ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ၁၅၃ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာကိုးခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီးမြောင်းမြမြို့မှ ဓာတ်ခွဲနမူနာတစ်ခုနှင့် ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မှ ဓာတ်ခွဲနမူနာတစ်ခု စုစုပေါင်း၂၅၉၄ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

(၃-၉-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် ဓာတ်ခွဲနမူနာစုစုပေါင်း ၂၅၉၄ ခုအား COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၇၅ ဦး တွေ့ရှိခဲ့သည်။ (လူနာ များ ဓာတ်ခွဲတွေ့ရှိမှုသတင်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ လူနာများ၏ အချက်အလက်များအား ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ (၄-၉-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ပထမအသုတ် ဓာတ်ခွဲ နမူနာ ၉၃၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR )မှ ဓာတ်ခွဲနမူနာ ၃၃၂ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှဓာတ်ခွဲနမူနာ၂ဝ၄ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှပထမအသုတ်ဓာတ်ခွဲနမူနာ ၉၃ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၉ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာငါးခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မှ ဓာတ်ခွဲနမူနာသုံးခုနှင့် ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာလေးခု၊ ပြည်သူ့ဆေးရုံကြီး ဟားခါးမြို့မှ ဓာတ်ခွဲနမူနာခြောက်ခုနှင့် ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာရှစ်ခု စုစုပေါင်း ၁၆၄၂ ခုအား ယနေ့ညနေတွင်စစ်ဆေးပြီးစီးခဲ့ရာ ဃဥဠှီု-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၃၈ ဦးတွေ့ရှိရသည်။

(၄-၉-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၁၇၁ ဦးရှိပြီဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း(old confirmed case))များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၅၉ ဦးရှိသည်။ ၄င်းတို့အနက် ၃၅၆ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ခုနစ်ဦးရှိသည်။(၃-၉- ၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၄-၉-၂ဝ၂ဝ)ရက် မွန်းတည့်၁၂ နာရီအတွင်းတွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၉၈ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။