နိုင်ငံတော်အတွက် တပ်မတော်၏အောင်မြင်မှု

ကမ္ဘာ့နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ်သာရှိသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း   နိုင်ငံ့ ကိုယ်စားပြု တပ်မတော်တစ်ရပ်သာရှိသည်။ ထိုတပ်မတော်သည် နိုင်ငံတော်၏ ပိုင်နက် နယ်မြေတစ်လက်မမျှ မဆုံးရှုံးစေရေး အဓိကကာကွယ်ပေးလျက်ရှိသည့် တပ်မတော်ဖြစ် သည်။ ကမ္ဘာအရပ်ရပ်တွင် အဆင့်မြင့်နည်းပညာများ တိုးတက်ထွန်းကားလာပြီး ထိုနည်း ပညာများကိုအမီလိုက်နိုင်ရန် နိုင်ငံတိုင်းက ကြိုးပမ်းလျက်ရှိသည်။ မြန်မာ့တပ်မတော် သည်လည်း အင်အားတောင့်တင်းခိုင်မာ၍ စွမ်းရည်ထက်မြက်မြင့်မားသော တပ်မတော် တစ်ရပ်အဖြစ် တည်ဆောက်လျက်ရှိသည်။ နည်းပညာပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ နှင့် အဓိကအားဖြင့် စိတ်ဓာတ်ကောင်းမွန်ရေးကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘာပေါ်တွင်ဖြစ် ပွားခဲ့သော စစ်ဆင်ရေးများ၊ စစ်ပွဲများတွင် သံချပ်ကာယန္တရားတပ်ဖွဲ့သည် လွန်စွာ အရေးပါ သည်ကိုသိရှိသည့်အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တပ်မတော် သံချပ်ကာ ယန္တရားသင်တန်းကျောင်းသို့ရောက်ရှိစဉ် လမ်းညွှန်မှာကြားရာ၌ စစ်မြေပြင်တွင် ခြေလျင် တပ်ဖွဲ့နှင့် ရှေ့တန်းကျကျပါဝင်ပြီး တိုက်ပွဲ၏ အဆုံးအဖြတ်ပေး နိုင်သောတပ်ဖွဲ့မှာ သံချပ်ကာယန္တရားတပ်ဖွဲ့နှင့် အမြောက်တပ်ဖွဲ့တို့ပင်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် Battle of King ဆိုသူများမှာ သံချပ်ကာယန္တရားတပ်ဖွဲ့နှင့် အမြောက်တပ်ဖွဲ့တို့ပင်ဖြစ်ကြောင်း၊ သံချပ်ကာ တိုက်ယာဉ်များသည် တန်ဖိုးကြီးမားသကဲ့သို့ အသုံးပြုမည့်သူများ၏ အရည် အချင်း ရှိသောတပ်ဖွဲ့မျိုးဖြစ်အောင် လေ့ကျင့်တည်ဆောက်သွားရန် လိုကြောင်း၊ တိုက်စွမ်း ရည်မြင့်မားရန် စဉ်ဆက်မပြတ်လေ့ကျင့်ရန်၊ မည်သည့်တာဝန်ကိုမဆို ကျွမ်းကျင်တတ် မြောက်အောင် လေ့လာရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

တပ်မတော်၏ စွမ်းအားကို သိရှိနိုင်စေရေးအတွက် ရုရှားနိုင်ငံ မော်စကိုမြို့၌ကျင်းပနေသော International Army Games-2020 သို့ မြန်မာ့တပ်မတော်မှဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ထိုပြိုင်ပွဲတွင် Tank Biathlon ပြိုင်ပွဲပါဝင်ရာ မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင်  အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) ကို မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အားမောင်းလျက် ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊   ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည် ၂၀ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲစက်သေနတ်ကျည် ၃၀ တောင့် ရပ်လျက် ပစ်ခတ်ခြင်းတို့ကို မောင်းနှင်ယှဉ်ပြိုင်ရမည့် ပတ်လမ်းပုံစံလေးခုအနက်မှ မဲနှိုက်၍ ကျရာ ပတ်လမ်းတွင် ယှဉ်ပြိုင်ခဲ့ရသည်။ ပြိုင်ဘက်အသင်းမှာ ဗီယက်နမ်တင့်တပ်ဖွဲ့ဖြစ်ရာ မြန်မာ့ တပ်မတော် တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့် အကြိုဗိုလ်လု ပွဲ၌ပထမရရှိကာ ဗိုလ်လုပွဲသို့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

မြန်မာ့တပ်မတော်သံချပ်ကာယန္တရားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၁ ဦးသည် ရုရှားနိုင်ငံ မော်စကိုမြို့ အလာဘီနို တင့်ယာဉ်မောင်းကွင်းတွင် ကျင်းပပြုလုပ်သည့် International Army Games-2020, Tank Biathlon ပြိုင်ပွဲဝင်ရန်အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလဆန်းကတည်းက စတင်ကာ စာတွေ့ လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။ လေ့ကျင့်ရေးကွင်းအား မိမိနိုင်ငံ၏ မြေအနေအထားပေါ်မူတည်ကာ ပြိုင်ပွဲကျင်းပမည့်နိုင်ငံ၏ လေ့ကျင့်ရေးကွင်းနှင့် ပုံစံတူပြုလုပ် လေ့ကျင့်ခဲ့ကြသည်။ ရုရှားနိုင်ငံပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံဝင်ရောက် ယှဉ်ပြိုင်ရာတွင် နိုင်ငံရှစ်နိုင်ငံစီခွဲခြားထားပြီး Division တစ်ခုစီတွင် လေးနိုင်ငံပါဝင်သည့် အုပ်စုကို ထပ်မံခွဲခြားထားသည်။

International Army Games-2020 ပြိုင်ပွဲ၏ Tank Biathlon တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲတွင် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ အကြိုဗိုလ်လုပွဲ၌ ပထမရရှိပြီး ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်မှုအပေါ် ပြည်သူတစ်ရပ်လုံးက အားပေးထောက်ခံ ကောင်းချီး ပေးလျက်ရှိသည်။ ပြိုင်ပွဲဝင်မြန်မာ့တပ်မတော်၏ အောင်မြင်မှုသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အောင်မြင်မှုဖြစ်သည်။ ယခုအခါ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့သည် International Army Games-2020 ပြိုင်ပွဲ၏ Tank Biathlon ဗိုလ်လုပွဲတွင် စတုတ္ထဆုနှင့် သာကျေနပ်လိုက်ရသည်။ “ကားကြီးသာမပျက်ခဲ့ရင် မြန်မာက ပထမပဲ။ ပထမကဦးဆောင် နေတာ ကားနစ်သွားလို့” “ကျေနပ်တယ်၊ လေးစားတယ်၊ ဂုဏ်ယူပါတယ် မြန်မာ့ တပ်မတော်” “ဆုရရ မရရ မြန်မာ့တပ်မတော်သားတွေအစွမ်း ကမ္ဘာကသိသွားပါပြီ” “ရှုံးတာနိုင်တာ ပထမရတာ မရတာထက် ပါဝင်ယှဉ်ပြိုင်ခွင့်ရတာကိုပဲ တော်တော် ဂုဏ်ယူ နေပြီ မြန်မာ့တပ်မတော်” စသော ပြည်သူတို့၏ အားပေးသံများကား မှတ်တမ်း တင်၍မဆုံးနိုင်ပါ။ နိုင်ငံတော်အတွက် တပ်မတော်၏ အောင်မြင်မှုကိုကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။