တင့်တွေကိုတီထွင်ခဲ့တဲ့ဗြိတိန် တင့်တပ်ဖွဲ့ကိုဖျက်သိမ်းဖို့ကြံနေ

ဟိုအရင်တစ်ချိန်တုန်းက  တင့်တွေကိုတီထွင်ခဲ့တဲ့ဗြိတိန်ဟာ  ဒီကနေ့မှာတော့သူတို့ရဲ့ ပင်မ တိုက်ပွဲဝင်တင့်တွေနဲ့ တင့်တပ်ဖွဲ့ကို ဖျက်သိမ်းဖို့ကြံစည်နေပါပြီ။ တစ်နည်းပြောရရင် ဗြိတိန် ဟာ နှစ်ပေါင်း ၁၀၀ ကျော်ကြာတည်ရှိခဲ့တဲ့ သူတို့ရဲ့တင့်တီထွင် ထုတ်လုပ်ဖြန့်ချိမှုတွေကို အဆုံးသတ်တော့မှာပါ။ ဗြိတိန်ဟာ တင့်တွေကို အဆင့်မြှင့်တင်ထုတ်လုပ်မယ့် ကုန်ကျ စရိတ်တွေကို အာကာသနဲ့ဆိုက်ဘာစစ်ဆင်ရေးတွေမှာ ပိုမိုထည့်ဝင်သွားမှာဖြစ်တဲ့အပြင် NATO တပ်ဖွဲ့အတွက် လိုအပ်မယ့် တိုက်ခိုက်ရေးအင်အားစုအတွက်လည်း ရဟတ်ယာဉ်တွေ နဲ့ လေကြောင်းချီတပ်ဖွဲ့တွေကိုသာ စေလွှတ်သွားတော့မှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ တင့်တပ်ဖွဲ့ တစ်ခုလုံးကိုဖျက်သိမ်းလိုက်တဲ့ နယ်သာလန်နိုင်ငံရဲ့ ခြေလှမ်းအတိုင်းလိုက်ဖို့ ကြံစည်နေတာပါ။ လက်ရှိအချိန်မှာတော့ နယ်သာလန်နိုင်ငံကလည်း သူတို့အတွက်လိုအပ်တဲ့ တင့်တွေကို အလျင်အမြန်ပြန်တည်ဆောက်နေရပါပြီ။

အခု ဗြိတိန်ရဲ့အစီအစဉ်က လက်ရှိတင့်တပ်ဖွဲ့မှာအသုံးပြုနေတဲ့ Challenger II ပင်မ တိုက်ပွဲ ဝင်တင့် ၂၂၇ စီးကို ဖျက်သိမ်းဖို့အဓိကဖြစ်ပါတယ်။မူလတုန်းက NATO တပ်ဖွဲ့ရဲ့ အကောင်း ဆုံးဆိုတဲ့တင့်တွေထဲမှာ တစ်စီးအပါအဝင်ဖြစ်တဲ့ Challenger II ဟာ ယနေ့ခေတ်နဲ့ ကိုက်ညီ တဲ့ အဆင့်မြှင့်တင်မှုတွေကိုမရရှိခဲ့ပါဘူး။ သူလိုအပ်နေတာက အသစ်အသစ်သော အဆင့်မြင့် အင်ဂျင်၊ ပစ်ခတ်မှုစနစ်၊ ၁၂၀မမ ပင်မအမြောက်တို့ပဲဖြစ်ပါတယ်။ တင့်တွေရဲ့ သမိုင်းကြောင်း ကိုပြောရရင် ပထမကမ္ဘာစစ်ကစရမှာပါ။ ပထမကမ္ဘာစစ် မှာအသုံးပြုတဲ့   ကတုတ်ကျင်းတွေ ကို ကျော်ဖြတ်သွားလာနိုင်စေဖို့အတွက် တိုက်စစ်လက်နက်တစ်ခုအဖြစ် ဖန်တီးရာကနေ တင့်ဆိုတာဖြစ်လာပါတယ်။ အဓိကအားဖြင့် ရှေ့တန်းစစ်မျက်နှာပြင်တွေကို ရေပို့ဖို့အတွက် အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ပုံစံကိုယူပြီး တင့်တွေကိုဖန်တီးထားတာပါ။

ဒီတင့်တွေကို ပထမဆုံးတီထွင် အသုံးပြုသူက ဗြိတိန်ဖြစ်ပြီး ပထမဆုံးတင့်ကတော့ Mark I ဖြစ်ပါတယ်။ ၁၉၁၆ ခုနှစ်မှာစတင်ဖြန့်ကြက်ခဲ့တာပါ။ အဲဒီနောက် ဒုတိယကမ္ဘာစစ်မှာ ဆိုရင် လည်း အထင်ကြီးလေးစားရလောက်တဲ့တင့်တွေကို အသုံးပြုနိုင်ခဲ့ပါတယ်။ စစ်အေးကာလ မှာလည်း အလားတူပါပဲ။ လက်ရှိအသုံးပြုနေတဲ့ Challenger II ပင်မတိုက်ပွဲဝင်တင့်တွေကို တော့ ၁၉၉၈ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာတုန်းက ဖြန့်ကြက်အသုံးပြုနေ တဲ့ ပင်မတိုက်ပွဲဝင်တင့် ၂၂၇ စီးအနက် ၁၄၈ စီးကို ခေတ်နဲ့အညီအဆင့် မြှင့်တင်ဖို့    စစ်ဘက်က အဆိုပြုခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ဒီအဆိုပြုချက်ဟာ အောင်မြင်မှုမရှိဘဲ တင့်တပ်ဖွဲ့ တစ်ခုလုံးကို ဖျက်သိမ်းဖို့သာဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြည်းတပ်ရဲ့တင့်တပ်ဖွဲ့ကြီးတစ်ခုလုံးကိုဖျက်သိမ်းဖို့ အဆိုပြု ထားပါပြီ။ တင့်တပ်ဖွဲ့ကို အဆင့်မြှင့်တင်လို့ ကုန်ကျမယ့်ငွေကြေးတွေကိုလည်း အာကာသနဲ့ ဆိုက်ဘာလုပ်ငန်းတွေမှာ အသုံးပြုသွားပါတော့မယ်။

လက်ရှိမှာဆိုရင် ကြည်းတပ်က အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ်အစင်း ၅၀ ကို အသုံးပြု နေပြီး လေကြောင်းချီတိုက်ခိုက်ရေး တပ်မတစ်ခုကိုဖွဲ့စည်းကာ ရဟတ်ယာဉ်အသုံးပြု လေကြောင်းချီစစ်ဆင်ရေးတွ ေဆောင်ရွက်နိုင်အောင် လေ့ကျင့်ပေးနေပါတယ်။ ဒီလို လေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ NATO  တပ်ဖွဲ့အတွက ဗြိတိန်ကတင့်တပ်ဖွဲ့တွေကို စေလွှတ်တော့မှာမဟုတ်ဘဲ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းချီတပ်ဖွဲ့တွေကိုသာ စေလွှတ် သွားဖို့ အတွက်ဖြစ်ပါတယ်။ NATO တပ်ဖွဲ့ထဲမှာဆိုရင် တင့်တပ်ဖွဲ့တွေကိုအခုလိုမျိုး ဖျက်သိမ်းတာ ဗြိတိန်တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်တုန်းကလည်း   နယ်သာလန် ကြည်းတပ်က သူတို့ရဲ့  Leopard II တင့်တပ်ဖွဲ့ပေါင်း ၆၀ ကို ဖျက်သိမ်း ခဲ့ပါသေးတယ်။ ဒါပေမဲ့ နယ်သာလန်ဟာ မကြာမီမှာပဲ သူတို့ရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရ လိုက်ရပါတယ်။ ဘယ်အချိန်မှာလဲဆိုရင် ရုရှားက မြေပြင်မှာ တင့်တပ်ဖွဲ့ အင်အားကို တိုးမြှင့်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ NATO တပ်ဖွဲ့ကိုခြိမ်းခြောက်လိုက်တဲ့ အချိန်မှာပါ။ အခုဆိုရင် နယ်သာလန်ဟာ ဂျာမနီဆီ ကနေ Leopard  2A6M တင့် ၁၈ စီးကို ငှားရမ်းထားရပါတယ်။ ဒါ့အပြင် ကြည်းတပ်ရဲ့အမြဲတမ်းအင်အားစုတစ်ခုအဖြစ် နောက်ထပ် တင့်တွေကို ဝယ်ယူဖို့ စီစဉ်နေပါတယ်။                           

နွေဦး