ဂျကာတာ၊ ကျန်းမာရေးအင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူမြင့်တက်

အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာပြီး ဂျကာတာမြို့၌ သင်္ချိုင်းမြေနေရာများ နည်းပါးလာကြောင်း သိရသည်။ နိုင်ငံအတွင်း စက်တင်ဘာ ၅ ရက်တွင်ဗိုင်းရပ်ကူးစက်ခံရသူ ၃၁၂၈ ဦးရှိကြောင်းနှင့်   ဗိုင်းရပ်ကူးစက်ခံရသူ  စုစုပေါင်း ၁၉၀၆၆၅ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက   ထုတ်ပြန်သည်။ သေဆုံးသူ   အရေအတွက်မှာမူ စက်တင်ဘာ  ၅  ရက်တွင်  ၁၀၈ ဦးရှိသည့် အတွက် သေဆုံးသူစုစုပေါင်း ၇၉၄၀ အထိရှိလာပြီဖြစ်ကြောင်း သိရသည်။ ဂျကာတာ တစ်မြို့ တည်းမှာပင် ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၄၅၁၅၇ ဦးနှင့်သေဆုံးသူစုစုပေါင်း ၁၂၅၂ ဦး ရှိလာသည်။ တစ်ချိန်တည်းမှာပင် ဂျကာတာမြို့အရှေ့ပိုင်းရှိ   စတုရန်းမီတာ ၇၀၀၀ ကျယ်ဝန်းသော သုသာန်တစ်ခုတွင် အုတ်ဂူ ၁၁၀၀ အတွက်သာ နေရာကျန်ရှိကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် နာဒီကပြောသည်။

အောက်တိုဘာလလယ်တွင် သင်္ချိုင်းမြေနေရာလွတ် အလွန် နည်းပါးလာနိုင်ကြောင်းနှင့်   အောက်တိုဘာလတွင်မူ အလောင်း  ၃၈၀ မှ ၄၀၀ အထိသာလက်ခံနိုင်တော့မည်ဖြစ်ကြောင်း    နာဒီကဆိုသည်။ သြဂုတ်လတွင် တစ်ရက်လျှင် ပျမ်းမျှအလောင်း၂၇ လောင်းသင်္ဂြိုဟ်ရပြီး တစ်လအတွင်း အလောင်း ၇၀၀ ရှိကြောင်း၊ သြဂုတ် ၃၁ ရက်တွင်မူ တစ်ရက်အတွင်း သင်္ဂြိုဟ်ရသည့်အလောင်း ၃၆ လောင်းရှိကာ စံချိန်တင်ကြောင်းသိရသည်။

Ref: The Straits Times