COVID-19  ပိုးတွေ့လူနာ  ၈၂ ဦးထပ်တိုး

COVID-19  ပိုးတွေ့လူနာ  ၈၂ ဦးထပ်တိုး

နေပြည်တော် စက်တင်ဘာ ၅

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်နှင့် ည ၈ နာရီတို့တွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၈၂ ဦးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းပိုးတွေ့လူနာ ၁၂၅၃ ဦးအထိရှိလာကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၄-၉-၂၀၂၀)ရက်အတွက် COVID-19ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၇၇၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၆၃ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၁၆ ခု၊ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ နှစ်ခု၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၅၂ ခု၊ အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ နေပြည်တော်မှ ဓာတ်ခွဲနမူနာ ၃၂၅ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦးတွေ့ရှိရသည်။

(၄-၉-၂၀၂၀)ရက်အတွက် COVID-19ရောဂါဓာတ်ခွဲစစ်ဆေးမှု များအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ ၁၇၁၀ ခု၊ ဆေးသုတေသနဦးစီးဌာန  (DMR)မှ ဓာတ်ခွဲနမူနာ ၃၃၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၂၀၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ    ဓာတ်ခွဲနမူနာ၂၅၆ ခု၊   ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၉ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊  ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ  ဓာတ်ခွဲနမူနာ ၁၂ ခုနှင့် ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မှ ဓာတ်ခွဲ
နမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ ပြည်သူ့ဆေးရုံ ကြီး ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ ခြောက်ခုနှင့် ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ ရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ  ဓာတ်ခွဲနမူနာ   ၁၁၆   ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ နှစ်ခု၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ၁၅၂ ခုနှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ နေပြည်တော်မှ ဓာတ်ခွဲနမူနာ ၃၂၅ ခု စုစုပေါင်း ၃၁၇၅ ခုအား စစ်ဆေးသည်။
(၄-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၁၇၅ ခုအား စစ်ဆေးခဲ့ပြီး COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်  ၈၃ ဦး  တွေ့ရှိခဲ့သည်။ (အဆိုပါလူနာများ ဓာတ်ခွဲတွေ့ရှိမှုသတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

ဓာတ်ခွဲအတည်ပြုလူနာသစ်များနှင့်ပတ်သက်သည့် အချက်အလက်များကိုပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။

(၅-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၇၄၅ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၁၄၇ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ   ပထမအသုတ်ဓာတ်ခွဲနမူနာ  ၃၃၉ ခု၊   ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၂၄ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇၆ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၅၉ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၁ ခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ခုနစ်ခုနှင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၅၂ ခု  စုစုပေါင်း ၁၆၉၁ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၇ ဦးတွေ့ရှိရသည်။

(၅-၉-၂၀၂၀)ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁၂၅၃ ဦးရှိသည်။ဓာတ်ခွဲအတည်ပြုလူနာဟောင်း (သိူ ခသည်ငမာနိ ချေန) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင်  နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိသူ ၁၂ ဦး(Case-345,359,420,421,422,423,424,425,426,430,431ESifh 434) ရှိသဖြင့်  စုစုပေါင်း  ၃၇၁  ဦးရှိသည်။ ၎င်းတို့အနက် ၃၆၆ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူခုနစ်ဦးရှိသည်။(၄-၉-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီမှ (၅-၉-၂၀၂၀)ရက် မွန်းတည့်  ၁၂ နာရီအတွင်းတွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၁၁၉ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။