ကော့သောင်းမြို့နယ်၊  မြန်မာ့ပင်လယ်ပြင်အတွင်း၌ စည်းပျက်ဘီးဇင်းငါးဖမ်းလှေ ၂ စီး ဖမ်းဆီးရမိ

ကော့သောင်းမြို့နယ်၊  မြန်မာ့ပင်လယ်ပြင်အတွင်း၌ စည်းပျက်ဘီးဇင်းငါးဖမ်းလှေ ၂ စီး ဖမ်းဆီးရမိ

နေပြည်တော် ၊  စက်တင်ဘာ - ၅
    
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၄ ရက်ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် ဆလုံကျွန်း၏အနောက်ဘက် ရေမိုင် ၃ မိုင်ခန့်အကွာနှင့် အနီးပတ်ဝန်း ကျင်တို့၌ အလျား ၄၀ ပေ၊ အနံ ၁၃ ပေ၊ ရေစူး ၆ ပေခန့်ရှိ နှင်းရတနာအမည်ရှိ စည်းပျက် ဘီးဇင်းငါးဖမ်းလှေ ၁ စီးပေါ်မှ ဦးထွန်းကြည်(ဘ)ဦးဂွမ်းသာအပါအဝင် အမျိုးသား ၆ ဦးအားလည်းကောင်း၊ ည ၈ နာရီ ၅ မိနစ်ခန့်တွင်အလျား ၄၀ ပေ၊ အနံ ၂၀ ဒသမ ၄ ပေ၊ ရေစူး ၆ ပေခန့်ရှိ ပြည့်ရတနာအမည်ရှိ စည်းပျက်ဘီးဇင်းငါးဖမ်းလှေ ၁ စီးပေါ်မှ ဦးသက်ပိုင်စိုး(ဘ)ဦးစံထွေးအပါအဝင် အမျိုးသား ၇ ဦးတို့အားလည်းကောင်း  အသီးသီး ဖမ်းဆီးရမိခဲ့သည်။
     
အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေများအား ကော့သောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီး ဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။