တင့်တွေကိုတီထွင်ခဲ့တဲ့ဗြိတိန် တင့်တပ်ဖွဲ့ကိုဖျက်သိမ်းဖို့ကြံနေ

ဟိုအရင်တစ်ချိန်တုန်းက  တင့်တွေကို တီထွင်ခဲ့တဲ့ဗြိတိန်ဟာ  ဒီကနေ့မှာတော့ သူတို့ရဲ့ ပင်မတိုက်ပွဲဝင်တင့်တွေနဲ့ တင့်တပ်ဖွဲ့ကို  ဖျက်သိမ်းဖို့ကြံစည်နေပါပြီ။ တစ်နည်းပြောရရင် ဗြိတိန်ဟာ နှစ်ပေါင်း ၁၀၀ ကျော်ကြာတည်ရှိခဲ့တဲ့ သူတို့ရဲ့တင့် တီထွင်ထုတ်လုပ်ဖြန့်ချိမှုတွေကို အဆုံးသတ်တော့မှာပါ။

ဗြိတိန်ဟာ    တင့်တွေကို အဆင့်မြှင့်တင်ထုတ်လုပ်မယ့်   ကုန်ကျစရိတ်တွေကို  အာကာသနဲ့ ဆိုက်ဘာစစ်ဆင်ရေးတွေမှာ  ပိုမိုထည့်ဝင်သွားမှာဖြစ်တဲ့အပြင် NATO  တပ်ဖွဲ့အတွက် လိုအပ်မယ့် တိုက်ခိုက်ရေး အင်အားစုအတွက်လည်း  ရဟတ်ယာဉ်တွေနဲ့  လေကြောင်းချီတပ်ဖွဲ့ တွေကိုသာ စေလွှတ်သွားတော့မှာဖြစ်ပါတယ်။

ဒီလိုလုပ်ခြင်းဟာ တင့်တပ်ဖွဲ့တစ်ခုလုံးကိုဖျက်သိမ်းလိုက်တဲ့ နယ်သာလန်နိုင်ငံရဲ့ ခြေလှမ်း အတိုင်း လိုက်ဖို့ကြံစည်နေတာပါ။ လက်ရှိအချိန်မှာတော့ နယ်သာလန်နိုင်ငံကလည်း သူတို့အတွက် လိုအပ်တဲ့တင့်တွေကို အလျင်အမြန်ပြန်တည်ဆောက်နေရပါပြီ။

အခု ဗြိတိန်ရဲ့အစီအစဉ်က လက်ရှိ တင့်တပ်ဖွဲ့မှာအသုံးပြုနေတဲ့ Challenger II ပင်မတိုက်ပွဲဝင် တင့် ၂၂၇ စီးကို ဖျက်သိမ်းဖို့အဓိကဖြစ်ပါတယ်။ မူလတုန်းက  NATO  တပ်ဖွဲ့ရဲ့  အကောင်းဆုံး ဆိုတဲ့တင့်တွေထဲမှာ တစ်စီး အပါအဝင်ဖြစ်တဲ့ Challenger II ဟာ  ယနေ့ခေတ်နဲ့ ကိုက်ညီတဲ့ အဆင့်မြှင့်တင်မှုတွေကိုမရရှိခဲ့ပါဘူး။ သူလိုအပ်နေတာက  အသစ်အသစ်သော အဆင့်မြင့် အင်ဂျင်၊  ပစ်ခတ်မှုစနစ်၊ ၁၂၀ မမ ပင်မအမြောက် တို့ပဲဖြစ်ပါတယ်။

တင့်တွေရဲ့သမိုင်းကြောင်းကိုပြောရရင်  ပထမကမ္ဘာစစ်ကစရမှာပါ။ ပထမကမ္ဘာစစ် မှာ အသုံးပြုတဲ့ ကတုတ်ကျင်းတွေကို ကျော်ဖြတ်သွားလာနိုင်စေဖို့အတွက် တိုက်စစ်လက်နက်တစ်ခု အဖြစ် ဖန်တီးရာကနေ တင့်ဆိုတာဖြစ်လာပါတယ်။

အဓိကအားဖြင့် ရှေ့တန်းစစ်မျက်နှာပြင်တွေကို ရေပို့ဖို့အတွက်အသုံးပြုတဲ့ သယ်ယူပို့ဆောင် ရေးယာဉ် တွေရဲ့ပုံစံကိုယူပြီး တင့်တွေကိုဖန်တီးထားတာပါ။ ဒီတင့်တွေကို ပထမဆုံး တီထွင်အသုံးပြုသူက ဗြိတိန်ဖြစ်ပြီး ပထမဆုံးတင့်ကတော့ Mark I ဖြစ်ပါတယ်။ ၁၉၁၆ ခုနှစ်မှာ စတင်ဖြန့်ကြက်ခဲ့တာပါ။ အဲဒီနောက်ဒုတိယ ကမ္ဘာစစ်မှာဆိုရင်လည်း အထင်ကြီး လေးစား ရလောက်တဲ့တင့်တွေကို အသုံးပြုနိုင်ခဲ့ပါတယ်။

စစ်အေးကာလမှာလည်း အလားတူပါပဲ။ လက်ရှိအသုံးပြုနေတဲ့ ဃ့ေူူနညါနမ ှုှု ပင်မတိုက်ပွဲဝင်တင့်တွေကိုတော့ ၁၉၉၈  ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာတုန်းက ဖြန့်ကြက်အသုံး ပြုနေတဲ့ ပင်မတိုက်ပွဲဝင်တင့် ၂၂၇ စီး အနက် ၁၄၈ စီးကို ခေတ်နဲ့အညီအဆင့် မြှင့်တင်ဖို့    စစ်ဘက်ကအဆိုပြုခဲ့ပါသေး တယ်။ ဒါပေမဲ့လည်း ဒီအဆိုပြုချက်ဟာ အောင်မြင်မှုမရှိဘဲ တင့်တပ်ဖွဲ့တစ်ခုလုံးကို ဖျက်သိမ်းဖို့သာဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကာကွယ်ရေးဝန်ကြီးဌာနက ကြည်းတပ်ရဲ့ တင့်တပ်ဖွဲ့ကြီးတစ်ခုလုံးကို ဖျက်သိမ်းဖို့ အဆိုပြုထားပါပြီ။  တင့်တပ်ဖွဲ့ကိုအဆင့်မြှင့်တင်လို့  ကုန်ကျမယ့်ငွေကြေးတွေ ကိုလည်း  အာကာသနဲ့ ဆိုက်ဘာလုပ်ငန်းတွေမှာ အသုံးပြုသွားပါတော့မယ်။

လက်ရှိမှာဆိုရင် ကြည်းတပ်က အပါ ချီတိုက်ခိုက်ရေးရဟတ်ယာဉ်အစင်း ၅၀ ကို အသုံးပြုနေပြီး လေကြောင်းချီတိုက်ခိုက် ရေးတပ်မတစ်ခုကိုဖွဲ့စည်းကာ ရဟတ်ယာဉ် အသုံးပြုလေကြောင်းချီစစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်အောင် လေ့ကျင့်ပေးနေပါတယ်။

ဒီလိုလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ NATO   တပ်ဖွဲ့အတွက်   ဗြိတိန်ကတင့် တပ်ဖွဲ့တွေကို စေလွှတ်တော့မှာမဟုတ်ဘဲ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းချီတပ်ဖွဲ့တွေကိုသာ စေလွှတ်သွားဖို့ အတွက်ဖြစ်ပါတယ်။

NATO တပ်ဖွဲ့ထဲမှာဆိုရင် တင့်တပ်ဖွဲ့တွေကို အခုလိုမျိုးဖျက်သိမ်းတာ ဗြိတိန်တစ်နိုင်ငံတည်း တော့မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်တုန်းကလည်း   နယ်သာလန်ကြည်း တပ်က သူတို့ရဲ့  Leopard II  တင့်တပ် ဖွဲ့ပေါင်း ၆၀ ကိုဖျက်သိမ်းခဲ့ပါသေးတယ်။

ဒါပေမဲ့ နယ်သာလန်ဟာ မကြာမီမှာပဲ သူတို့ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တရ လိုက်ရပါတယ်။ ဘယ်အချိန်မှာလဲဆိုရင် ရုရှားက မြေပြင်မှာတင့်တပ်ဖွဲ့အင်အားကို တိုးမြှင့်ပြီး အိမ်နီးချင်းနိုင်ငံ တွေနဲ့ NATO တပ်ဖွဲ့ကိုခြိမ်းခြောက်လိုက်တဲ့အချိန်မှာပါ။

အခုဆိုရင် နယ်သာလန်ဟာ ဂျာမနီဆီ ကနေ Leopard 2A6M တင့် ၁၈ စီးကို ငှားရမ်းထား ရပါတယ်။ ဒါ့အပြင် ကြည်းတပ် ရဲ့အမြဲတမ်းအင်အားစုတစ်ခုအဖြစ် နောက်ထပ်တင့်တွေကို ဝယ်ယူဖို့     စီစဉ်နေပါတယ်။

နွေဦး