တနင်္သာရီမြို့နယ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူအား ဖမ်းဆီးရမိ

တနင်္သာရီမြို့နယ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၅
    
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီခန့်တွင် ဇဝဲကျေးရွာ၏ အနောက် မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ ပြည်ထောင်စုကားလမ်းမကြီး၌ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းစဉ် မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ အီဆာ(ဘ)ဦးကျော်သန်း မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ WYစာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၄၅၅ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၀၀ ကျော်)နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
    
ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ည ၉ နာရီခန့်တွင် မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာနေ ညီညီ(ဘ) ဦးလှဒင်၏နေအိမ်အား သွားရောက်ရှာဖွေစစ်ဆေးရာ ၎င်းင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင်အသုံးပြုသည့် PAJERO အမျိုးအစားလိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိသူ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် မူးယစ် ဆေးဝါးများအား မြိတ်မြို့နယ်၊ တောင်းရှည်ကျေးရွာနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။