ရိဒ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

ရိဒ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၊ စက်တင်ဘာ - ၆
    
ချင်းပြည်နယ်၊ ရိဒ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၅ နာရီခွဲခန့်တွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် တီအိုချောင်းတစ်လျှောက် လှည့်ကင်းဆောင်ရွက်နေစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေးတံတား၏ မြောက်ဘက်မီတာ ၄၀၀ ခန့်အကွာ၌စက္ကူပုံးထမ်း၍ လမ်းလျှောက် လာသူ ၁ ဦးအား မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ သောက်လွှမ်ပြိုင်(ဘ)ဦးဗန်ခါရ်ထန်း ၊ ရိဒ်မြို့၊ အမှတ်(၂)ရပ်ကွက်နေသူဖြစ်ပြီး ၎င်းင်းသယ်ဆောင်လာသည့် စက္ကူပုံးအတွင်း  ထောပတ်မရွေးမုန့်ထုပ်များနှင့်ရောနှောလျက် ဘိန်းဖြူ ၁ ခွက်လျှင် ၁၀ ဂရမ်ပါ ၁၅ ခွက်၊ စုစုပေါင်း ၁၅၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၅၀ ခန့်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
    
အဆိုပါဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး ရိဒ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။