နောင်ချိုမြို့နယ်၊ နောင်ချိုတိုးဂိတ်၌ ခရီးသည်တင်ယာဉ်နှင့်လိုက်ပါလာသည့် ခရီးသည် ၁ ဦးထံမှ  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နောင်ချိုမြို့နယ်၊ နောင်ချိုတိုးဂိတ်၌ ခရီးသည်တင်ယာဉ်နှင့်လိုက်ပါလာသည့် ခရီးသည် ၁ ဦးထံမှ  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၆
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုတိုးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် ဖြတ်သန်းမှုများအား စစ်ဆေးစဉ် ယနေ့နံနက် ၈ နာရီခန့်တွင် ကျောက်မဲမြို့ဘက်မှ နောင်ချို မြို့ဘက်သို့ ယာဉ်မောင်း ဦးကျော်စွာလင်း မောင်းနှင်လာသော လားရှိုး-မန္တလေးသွား ရွှေငြိမ်းချမ်းယာဉ်လိုင်းမှ Express  ယာဉ်အမျိုးအစား မော်တော်ယာဉ်အမှတ်၊ XI /--- ခရီးသည်တင်ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်အပေါ်လိုက်ပါလာသည့် ခရီးသည်ဖြစ်သူ မောင်ဝိုင်းမင်းဦး(ဘ)ဦးကျော်လွင်၊ ဘူတာရပ်ကွက်၊ နောင်ချိုမြို့နယ်နေသူ ဝတ်ဆင်ထား သော ဂျင်းအင်္ကျီအိတ်ကပ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြား၊ ၈၈ စာတန်းပါအနီရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၈၄ ပြား၊ (စုစုပေါင်းတန်ဖိုးငွေကျပ် ၃၇၉၀၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး နောင်ချိုမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ ကြောင်း သတင်းရရှိသည်။