ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်းအနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ 

ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်းအနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ 

နေပြည်တော် ၊ စက်တင်ဘာ - ၆
    
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ပြင်စဘုကျွန်း၏ အနောက် ဘက်ကမ်းခြေ၌ ဆိုက်ကပ်ထားသည့် အလျား ၂၇ ပေ၊ အနံ ၅ ပေ၊ ရေစူး ၁ ပေ ခန့်ရှိ စက်လှေ ၁ စီးကို တွဲဖောင် ၃ ဖောင်ဖြင့်တွဲချည်ထားသည့် တောသစ်လုံး ၁၈ လုံး(ခန့်မှန်း ၁၃ တန်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
     
အဆိုပါ စက်လှေနှင့် တရားမဝင်သစ်များအား ကျွန်းစုမြို့ သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။