မဘိမ်းမြို့နယ်အတွင်း တရားမဝင်နွားများသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ 

မဘိမ်းမြို့နယ်အတွင်း တရားမဝင်နွားများသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ 

နေပြည်တော် ၊ စက်တင်ဘာ - ၆
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ ပင်ကြိမ်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ ပင်ကြိမ်-စီပိန်းသွားကားလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ပင်ကြိမ်ကျေးရွာဘက်မှ စီပိန်းကျေးရွာဘက်သို့ ကျော်ထက်လင်း (ဘ)ဦးမောင်ရွှေ မောင်းနှင်ပြီး မြင့်လွင်(ဘ)ဦးဖုန်းမောင်နှင့် ကျော်ဆန်းဦး(ဘ)ဦးကျော်ဝင်း တို့ လိုက်ပါလာသည့် အယ်လ်ဇူးအမျိုးအစား ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် နွား ၇ ကောင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
     
အဆိုပါ မော်တော်ယာဉ်၊ နွားများနှင့်အတူ ဖမ်းဆီးရမိသူများအား မဘိမ်းမြို့နယ် ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။