အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ဗိုင်းရပ်ကူးစက်ခံရသူ အယောက် ၉၀၀၀၀ ကျော်ဖြင့် ကမ္ဘာ့ စံချိန်တင်

အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၆ ရက်တွင် တစ်ရက်အတွင်း ဗိုင်းရပ်ကူးစက်သူအယောက် ၉၀၀၀၀ ကျော်ဖြင့် နေ့စဉ်ဗိုင်းရပ်ကူးစက်မှုပမာဏကမ္ဘာ့စံချိန်တင်သွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာ ၆ ရက်အထိ တစ်ရက်အတွင်း ဗိုင်းရပ် ကူးစက်ခံရသူ ၉၀၆၃၂ ဦးရှိကြောင်းနှင့် သေဆုံးသူအရေအတွက်မှာလည်း ၁၀၆၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၄ ဒသမ ၁ သန်းကျော်လာကာ သေဆုံးသူ စုစုပေါင်း ၇၀၈၀၂ ဦးရှိလာကြောင်းသိရသည်။ ယခုအခါ အိန္ဒိယနိုင်ငံသည် ကမ္ဘာ ပေါ်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၆ ဒသမ ၄ သန်းကျော်ရှိသည့် အမေရိကန်ပြီးနောက်   ဗိုင်းရပ် ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာသည်။ နိုင်ငံအတွင်းရှိအချို့နေရာများ၌ ဗိုင်းရပ် ကူးစက်မှုမှာ ဒုတိယအကျော့ဖြစ်လာနေပြီး အစိုးရကဗိုင်းရပ်စစ်ဆေးမှုများကိုတိုးမြှင့်ခြင်းနှင့်    ပြည်သူများ၏ သွားလာလှုပ်ရှားမှုများကို ထိန်းချုပ်ထားမှု ဖြေလျှော့ပေးခြင်းတို့ကြောင့်   ယခုကဲ့သို့ ဗိုင်းရပ်ကူးစက်ခံရသူအများအပြားကို တွေ့ရှိရခြင်းဖြစ်ကြောင်း ကျန်းမာရေး ကျွမ်းကျင် ပညာရှင်များက ပြောထားသည်။

ထို့ပြင် ဗိုင်းရပ်ကူးစက်မှုမှာ မြို့များမှသည်ကျေးရွာများသို့ ပျံ့နှံ့သွားပြီဖြစ်သည့်အတွက် ယခုနှစ် အတွင်း ပြီးဆုံးနိုင်မည်မဟုတ်သေးကြောင်း၊ ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်မှာ ယခုထက်ပိုမို မြင့်တက်လာနိုင်ကြောင်း အိန္ဒိယဆေးသိပ္ပံအဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရန်ဒိဂူလရီယာကပြောသည်။                  

Ref: The Straits Times