ဝိုင်းမော်မြို့နယ်ရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးသယ်ဆောင် လာသူအား ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအနီးရှိ ၁၃ ကီလိုမီတာ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် စက်တင်ဘာ ၆ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ဆဒုံးမြို့ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ နော်ရာ(ဘ)ဦးမာဖမ်း မောင်းနှင်ပြီး ဒေါ်ခါးမိုင် စီးနင်းလိုက်ပါလာသည့် CANDA -125 မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်အတွင်း သိုဝှက် သယ်ဆောင်လာသည့် ဘိန်းစိမ်း ၁၆၀၀ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄ သိန်း)နှင့်အတူတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဝိုင်းမော် မြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။