မြစ်ကြီးနားမြို့၊ ၂၁ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မရမ်းကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ ၂၁ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် စက်တင်ဘာ ၆ ရက် နံနက် ၁၁ နာရီခန့်တွင် မြစ်ကြီးနားမြို့ဘက်မှ ဖားကန့်၊ တနိုင်းမြို့ ဘက်သို့ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြင့် ခရီးသည်များတင်ဆောင် မောင်းနှင်လာသည့် အောင်ပိုင်(ဘ) ဦးတင်ဦး၊ ကိုမျိုး(ဘ)ဦးသောမောင်နှင့် ဦးမိုးနိုင်(ဘ)ဦးအောင်ရှင်တို့အား လိုင်စင်မဲ့မော်တော် ယာဉ် ၃ စီးနှင့်အတူဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်များအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။