အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေး

နေပြည်တော်၊ စက်တင်ဘာ - ၇

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်ရှိ အသက် ၂ နှစ်အောက် ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်သည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးမှုပြုလုပ်ရာတွင် တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံမှ ပါရဂူများနှင့်ဆရာဝန်များက ကိုယ်ဝန်ဆောင်မိခင် ၁၆ ဦးနှင့်ကလေးငယ် ၃၉ ဦး တို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမြှေးရောင် ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးကြသည်။ ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ ဝင်များက လိုက်လံကြည့်ရှုအားပေးကာ ကိုယ်ဝန်ဆောင် မိခင်များနှင့်ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရ ရှိသည်။