COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၈
    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
    
ယနေ့တွင်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံ၊ ကယား ပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၊  ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နှင့် တနင်္သာရီမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဇီးကုန်းမြို့ ပြည်သူ့ဆေးရုံ၊ ခန္တီးမြို့ခရိုင် ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်ဘန်းတိုက်နယ် ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံ၊ သာစည်မြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊  အထွေထွေရောဂါကုဆေးရုံကြီး၊ ပဲနွယ်ကုန်းမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံ၊ ကရင်ပြည်နယ်၊ လိပ်သိုမြို့ ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိ သူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲ ခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
    
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း Mask   ၅၀၀၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၃၀ စုံ၊ Covid-19  ကူးစက် ရောဂါပိုးတွေ့လူနာများထားရှိသည့် အဆောင်တွင် တပ်ဆင်ရန် Mytel Antenna   ၁ ခုတို့ကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ Mask ၅၀၀၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၃၀ စုံတို့ကို အဖြူရောင်လက်များ ပရဟိတအဖွဲ့၊ ဧရာဝတီပရဟိတအဖွဲ့နှင့် မြင်းခြံမြို့နယ် နာရေးကူညီမှုအသင်းတို့အတွက်  လည်းကောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက အသီးသီးသွားရောက် ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။