ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19  ရောဂါပိုးတွေ့ လူနာသစ် နှစ်ဦး ထပ်တိုး

နေပြည်တော်  သြဂုတ်  ၅

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ အရ ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19  ရောဂါပိုးတွေ့ လူနာသစ်နှစ်ဦး ထပ်တိုးကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၄-၈- ၂ဝ၂ဝ) ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာ၌  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL) မှ  ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၂၆၃ ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် တစ်ဦး တွေ့ရှိသည်။

(၄-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့်  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန (ရန်ကုန်) (NHL) မှ ပထမ+ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၅၄၄ ခုနှင့် ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂ဝ၄ ခု  စုစုပေါင်း ၇၄၈ ခုအား စစ်ဆေးခဲ့သည်။

(၅-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား  ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)  (NHL) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၃၃၉  ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲ နမူနာ ၂၂၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး) (PHL-MDY မှ ဓာတ်ခွဲနမူနာ ၁၇၂ ခု၊  ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မော်လမြိုင်) (PHL-MLM) မှ  ဓာတ်ခွဲနမူနာ ၁၄၄ ခု၊ ရန်ကုန်မြို့ အမှတ် (၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၈၅ ခု စုစုပေါင်း ၉၆၇ ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲအတည်ပြု လူနာ သစ်တစ်ဦး တွေ့ရှိရသည်။

(၅-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၅၇  ဦးရှိပြီဖြစ် သည်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင်  နှစ်ကြိမ်ဆက် တိုက်ပိုး မတွေ့ ရှိသူသုံးဦး (Case-203, 240 နှင့် 327) ရှိသဖြင့် ယနေ့အထိ COVID-19  ရောဂါပိုး ကင်းစင်လာသူစုစုပေါင်း ၃ဝ၅ ဦးရှိသည်။ ၎င်းတို့အနက် ၂၈၉ ဦးအား ဆေးရုံမှဆင်း ခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူခြောက်ဦး ရှိသည်။

(၄-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၅-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာ အသစ် ၂၄ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။