COVID-19  ပိုးတွေ့လူနာ ၁၉၁ ဦးဖြင့် စံချိန်သစ်ထပ်တင်

COVID-19  ပိုးတွေ့လူနာ ၁၉၁ ဦးဖြင့် စံချိန်သစ်ထပ်တင်

နေပြည်တော် စက်တင်ဘာ ၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ မွန်းလွဲ ၂ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေ များ၌ COVID-19  ပိုးတွေ့လူနာ ၁၉၁ ဦးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းပိုးတွေ့လူနာ ၁၇၀၉ ဦးအထိရှိလာကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၇-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)NHL)မှထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ၁၂၆၉ ခု၊ ပြည်သူ့ဆေးရုံကြီး မော်လမြိုင်မြို့မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၃ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇၀ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၅၂ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၃ ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ ခုနစ်ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှဓာတ်ခွဲနမူနာ ခြောက်ခု၊ ပြည်သူ့ဆေးရုံကြီးလွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာငါးခု၊  ပြည်သူ့ဆေးရုံကြီး  မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ နှစ်ခု၊  ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာတစ်ခုနှင့် ပြည်သူ့ဆေးရုံကြီး ဟားခါးမြို့မှဓာတ်ခွဲနမူနာတစ်ခု    စုစုပေါင်းဓာတ်ခွဲနမူနာ ၁၅၂၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၂ ဦးတွေ့ရှိရသည်။

(၇-၉-၂၀၂၀)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ  ဓာတ်ခွဲနမူနာ ၁၉၂၅ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) ဓာတ်ခွဲနမူနာ ၁၃၉ ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၂၂၄ ခု၊ ပြည်သူ့ဆေးရုံကြီး မော်လမြိုင်မြို့ မှ ဓာတ်ခွဲနမူနာ ၂၂၄ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇၀ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ၅၂ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၃ ခု၊ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ ခုနစ်ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာခြောက်ခု၊ ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာနှစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာတစ်ခုနှင့် ပြည်သူ့ဆေးရုံကြီး ဟားခါးမြို့မှဓာတ်ခွဲနမူနာ တစ်ခု စုစုပေါင်းဓာတ်ခွဲနမူနာ ၂၆၉၇ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (၇-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုအနေဖြင့် စုစုပေါင်းဓာတ်ခွဲနမူနာ ၂၆၉၇ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၆ ဦး တွေ့ရှိရသည်။ (အဆိုပါဓာတ်ခွဲအတည်ပြုလူနာ သစ်များတွေ့ရှိမှုသတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။