ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများ ပေးအပ်

COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ အတွင်းရှိ ဂေဟာ^ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် Online အခမ်းအနားဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်တက်ရောက်၍ အမှာစကား ပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ်ရှိ ဂေဟာငါးခုအတွက် ငွေကျပ်သန်းပေါင်း ၃ ဒသမ ၆ သန်းကို လည်းကောင်း၊ ချင်းပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာ  ၁၁ ခုအတွက် ငွေကျပ်သန်းပေါင်း ၄ ဒသမ ၄၈၅ သန်းကို လည်းကောင်း သက်ဆိုင်ရာပြည်နယ် လူမှုဝန်ထမ်း ဦးစီးမှူးများမှ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ဝန်း ပရဟိတဂေဟာမှ ဂေဟာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစောအုန်းတင်က လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့ ဗေသလဘိုးဘွားရိပ်သာဂေဟာမှူး၊ ဒေါ်ဗျက်ချင်း က လည်းကောင်း ဂေဟာရိပ်သာများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။