အမျိုးသမီးယူရို ၂ဝ၂၂ ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး  ဖွင့်ပွဲအခမ်းအနားကို အိုးထရက်ဖို့ဒ် ကွင်း၌ ကျင်းပမည်

အမျိုးသမီးယူရို ၂ဝ၂၂ ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး  ဖွင့်ပွဲအခမ်းအနားကို အိုးထရက်ဖို့ဒ် ကွင်း၌ ကျင်းပမည်

အမျိုးသမီးယူရို ၂ဝ၂၂ ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်း အနားကို မန်ယူအသင်းအိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးယူရို ၂ဝ၂၂ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၆ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး  ခြေစစ်ပွဲအောင်မြင်သည့် အသင်းများအဖြစ်    ဂျာမနီ၊   ပြင်သစ်၊ နယ်သာလန်၊  ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ အိုက်စလန်၊ စပိန်၊ ဖင်လန်၊  သြစတြီးယား၊ အီတလီ၊ ရုရှား၊    ဆွစ်ဇာလန်နှင့်  မြောက်အိုင်ယာလန် အသင်းတို့နှင့်အတူ   အိမ်ရှင်အင်္ဂလန် အသင်းတို့   ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသမီးယူရို ၂ဝ၂၂ ပြိုင်ပွဲကို ၂ဝ၂၂ ခုနှစ် ဇူလိုင်  ၆ ရက်မှ ၃၁ ရက်အထိ  ကျင်းပမည်ဖြစ်ကာ ပွဲစဉ်များကို မန်ယူအသင်း အိမ်ကွင်း အိုးထရက်ဖို့ဒ် ကွင်းအပြင်   ဘရန့်ဖို့၊  ရှက်ဖီးလ်၊  ဆောက်သမ်တန်၊  ဘရိုက်တန်၊ အမ်ကေဒွန်းနှင့် ရိုသာဟမ်အသင်းတို့၏   အိမ်ကွင်းများ၌ ကျင်းပမည်ဖြစ်ပြီး     ပိတ်ပွဲအခမ်း အနားနှင့်   ဗိုလ်လုပွဲကို   အင်္ဂလန်အသင်း အိမ်ကွင်းဖြစ်သည့်   ဝင်ဘလေ အားကစားကွင်း၌ ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည့် အမျိုးသမီး ယူရို ၂ဝ၁၇ ပြိုင်ပွဲ၌   ဗိုလ်လုပွဲသို့   နယ်သာလန် အသင်းနှင့်  ဒိန်းမတ်အသင်းတို့ တက်ရောက်လာနိုင်ခဲ့ပြီး   နယ်သာလန်အသင်းက   ဒိန်းမတ်အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့်အနိုင် ရရှိခဲ့ကာ နယ်သာလန်အသင်းက လက်ရှိချန်ပီယံအဖြစ်  ရပ်တည်လျက် ရှိကြောင်း သိရသည်။