ကိုဗစ်ကာလ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုအစားအစာများ

ကိုဗစ်ကာလ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုအစားအစာများ

လူ့ခန္ဓာကိုယ်အတွက် ကိုဗစ်-၁၉ ကာလအကျိုးပြုအစားအစာများ များစွာရှိပါတယ်။ သမိုင်းဦးဘုံမြေခေတ်မှ ယခုခေတ်ကာလတိုင် လူသားတို့ရဲ့ စားသုံးမှုပုံစံ ပြောင်းလဲသွားနိုင်ပေမယ့် အချို့အစားအစာတွေရဲ့ အာနိသင်က မပြောင်းလဲဘဲ အာဟာရသာမက ဆေးဝါး အနေနဲ့ပါ သုံးစွဲလာကြတာတွေ့ရှိရပါတယ်။

အာလူး

အာလူးမှာ ပရိုတိန်းဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီနဲ့သတ္တုဓာတ်များပါဝင်တယ်။ အာလူးကို အစိမ်းလိုက်ဝါးစားပါက အာဟာရဓာတ်ပိုမိုကြွယ်ဝစွာရနိုင်ပါတယ်။

အာလူးကို ရေစင်အောင်ဆေး၊ ပါးပါးလှီးပြီးကြိတ်ကာ ထွက်လာတဲ့အရည်ကို ဖျော်ရည်လုပ်ပြီးသောက်နိုင်ရင် ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိပါတယ်။ အရသာရှိစေဖို့ ငှက်ပျောသီး၊ မုန်လာဥနီ၊ ပျားရည်တို့နဲ့ ရောသောက်နိုင်ပါတယ်။ အစာအိမ်ရောင် တာမဖြစ်စေဖို့ အစာမစားခင် မိနစ် ၃၀ အလိုမှာ လက်ဖက်ရည်ဇွန်းတစ်ဇွန်း သောက်ပေးသင့်တယ်။ အစာအိမ်နာ တယ်ဆိုရင် လက်ဖက်ရည် ဇွန်းနှစ်ဇွန်းသောက်ပေးသင့်ပါတယ်။

အာလူးဖျော်ရည်ဟာ သွေးအတွင်းဂလူးကို့စ်ပါဝင်မှုကို ထိန်းချုပ်ပေးနိုင်ကာ အဆုတ်နဲ့ဆိုင်တဲ့ပြဿနာများကိုလည်း ကုသပေးနိုင်ပါ တယ်။ ဒ့ါပြင် ဆီးချိုကိုထိန်းညှိပေးနိုင်ကာ ဒူလာနဲ့သွေးတိုးရောဂါရှိသူများအတွက် ကောင်းမွန်ပါတယ်။ မနက်စာမစားခင် အာလူး ဖျော်ရည်တစ်ခွက်သောက်ခြင်းဟာ ကိုယ်အလေးချိန်လျော့ကျစေပြီး ညအိပ်ရာမဝင်မီ ၃ နာရီခန့်ကြိုပြီး သောက်သုံးခြင်းက ကိုယ် အလေး ချိန်ကျစေပါတယ်။

ကြက်သွန်ဖြူ

မြန်မာ့ဆေးဖက်ဝင်ကြက်သွန်ဖြူဟာ အစာကြေခြင်း၊ ရင်ချောင်စေခြင်း၊ အသားအရေလှပခြင်း၊ နှလုံးနဲ့သွေးတိုးရောဂါတို့ကို ပျောက်ကင်းစေခြင်း စတဲ့အကျိုးအာနိသင်ရစေပါတယ်။ ကြက်သွန်ဖြူကိုစားသုံးပေးရင်

(က)     ကိုယ်ခံအားစနစ်ကောင်းမွန်လာခြင်း။ ကြက်သွန်ဖြူဟာ  ဗက်တီးရီးယားနဲ့ ကပ်ပါးကောင်များ တိုက်ထုတ် ပေးနိုင် လို့ လွန်ခဲ့တဲ့နှစ်ပေါင်း  ၇၀၀၀  ကတည်းက  ပဋိဇီဝဆေးအဖြစ်  ကူးစက်တတ်တဲ့ ရောဂါများအတွက် သုံးခဲ့တယ်။

(ခ)       နှလုံးရောဂါအတွက် ကာကွယ်ပေးခြင်း။ အလီဆင်(Allicin) ခေါ်  ဓာတ်တစ်မျိုးပါဝင်လို့ ကိုလက်စထရော လျော့စေ ကာ သွေးပေါင်ချိန်နဲ့သွေးထဲရှိသကြားဓာတ်ပါဝင်မှုကို ထိန်းညှိပေးပါတယ်။

            (ဂ)       အဆုတ်အအေးမိ၊ နှာစေးခြင်းနဲ့တုပ်ကွေးမဖြစ်အောင်တားဆီးကာကွယ်ပေးနိုင်တယ်။

            (ဃ)                 သွေးသားသန့်စင်စေပါတယ်။

ကြက်သွန်နီ

 ကြက်သွန်နီမှာ အာဟာရဓာတ်များပါဝင်နေသလို ဆေးဖက်ဝင်ဓာတ်ပစ္စည်းများလည်း အများအပြားပါဝင်တယ်။  ကြက်သွန်နီဟာ  အအေးမိတုပ်ကွေး စတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်။ သွေးထဲရှိ မကောင်း တဲ့ အဆီဓာတ်များကို လျှော့ချပေးတဲ့အတွက်  နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါများကို သက်သာစေတယ်။ ဆီးချိုရောဂါ ရှင်များအတွက်လည်း အကျိုးရှိပါတယ်။ အင်တီအောက်ဆီဒင့်ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်လို့လည်း အသက်ရှည် ကျန်းမာ ခြင်းကို များစွာအထောက်အကူပြုပါတယ်။

ကြက်သွန်နီကို စားသုံးပေးပါက အဆိုပါအကျိုးကျေးဇူးများရရှိတဲ့အပြင် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာရောဂါများနဲ့ ကင်ဆာ ရောဂါကိုပါ ကာကွယ်နိုင်ကြောင်းသိရှိရပါတယ်။

 သခွားသီး

သခွားသီးမှာ ဖရဲသီးလိုရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်လို့ သခွားသီးစားပေးခြင်းက ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်း ပေးပါ တယ်။ အခြားကောင်းကျိုးတွေလည်း သခွားသီးမှရရှိနိုင်ပါတယ်။

(က)      ဦးနှောက်ကျန်းမာရေးကို တိုးမြှင့်ပေးတယ်။ သခွားသီးဟာ ဦးနှောက်မှတ်ဉာဏ်တိုးစေပြီး အသက်အရွယ်ကြောင့် အာရုံကြောပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

(ခ)       အင်တီအောက်ဆီဒင့် ဂုဏ်သတ္တိများပါဝင်ခြင်း။ ဗီတာမင်စီနဲ့ ဘီတာကာရိုးတင်းခေါ် အင်တီအောက်ဆီဒင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များစွာပါဝင်လို့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါများဖြစ်နိုင်ခြေလျှော့ချနိုင်ပါတယ်။  

(ဂ)       အသက်ရှူလမ်းကြောင်းသန့်ရှင်းစေခြင်း။ ခံတွင်းထဲမှာရှိတဲ့ အနံ့ဆိုးများဖြစ်စေတဲ့ ဗက်တီးရီးယားများကို ဖယ်ရှား ပေးတယ်။ အသက်ရှူလမ်းကြောင်းကို ဆိုးဝါးပေမယ့် အစာအိမ်ထဲမှာရှိတဲ့ အဆီများကိုလည်း ဖယ်ထုတ် ပေးနိုင်ပါတယ်။

(ဃ)     စိတ်ပင်ပန်းမှုကို ခံနိုင်ရည်ရှိခြင်း။ ဗီတာမင်ဘီဝမ်း၊ ဘီဖိုက်၊ ဘီဆဲဗင်း (Vitamin B1, 5,7) စတဲ့ ဓာတ်များပါဝင်လို့ စိတ်ပင်ပန်းမှုနဲ့ စိတ်ပင်ပန်းမှုကြောင့် ထိခိုက်လာမယ့် အကျိုးဆက်များကို လျော့နည်းစေ ပါတယ်။

(င)       ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း၊ အမျှင်ဓာတ်များပါဝင်လို့ အစာချေဖျက်မှုကို နှေးကွေးစေပါတယ်။ အဆာခံ နိုင်စေတဲ့အတွက် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။

 ပန်းသီး

ပန်းသီးရဲ့ အရောင်အသွေးနဲ့ အော်ဂဲနစ် ထုတ်လုပ်ထားရှိမှုအပေါ်လိုက်ပြီး   အကျိုးအာနိသင်များရစေတယ်။

(က)                 နှလုံးသွေးကြောကျဉ်းရောဂါကာကွယ်ရေး၊ ကုသရေးမှာသုံးနိုင်တယ်။ ကင်ဆာမဖြစ်အောင် ကာကွယ်ရာ မှာ ရောဂါဖြစ်ပါကနေရာအရောင်လျော့စေတယ်။ ပန်းနာရင်ကျပ် (Asthma) ဖြစ်မှုလျော့စေ တယ်။ မကောင်းတဲ့ ကိုလက်စထရော (LDL) လျော့စေပြီး ကောင်းတဲ့အဆီ (HDL) မြင့်မားစေကာ နှလုံးရုတ် တရက် အတိုက်ခံရခြင်း၊ ဦးနှောက်ရုတ်တရက်အတိုက်အခံရခြင်းကို ကာကွယ်နိုင်တယ်။ 

(ခ)                   မီးယပ်သွေးဆုံးရောဂါ(Post Monepause Syndrome) ကာကွယ်ပေးတယ်။ အချို့နှလုံး သွေးကြော ကျဉ်းရောဂါ၊ သွေးကြောပိတ်ဆို့သေဆုံးရမှုတွေ လျော့နည်းစေတယ်။ ပန်းသီးမှာပါတဲ့ ကက်တီချင် (Catechms) က လက်ဖက်ခြောက်မှာပါတာထက်ပိုပြီး ကောင်းမွန်တယ်။  နှလုံးသွေးကြော ရောဂါနဲ့ လေဖြတ်ခြင်း ကာကွယ်ပေးနိုင်လို့ နေ့စဉ်စားသုံးသင့်တယ်။

(ဂ)                   ကင်ဆာရောဂါကာကွယ်နိုင်တယ်။ ဟင်းသီးဟင်းရွက်စားသုံးမှုနဲ့ ကင်ဆာဖြစ်ပွားမှု ပြောင်းပြန်အချိုးကျ တယ်။ ဟင်းသီးဟင်းရွက်မှာ ကင်ဆာကာကွယ်တိုက်ဖျက်နိုင်တဲ့ ဓာတ်ပစ္စည်းက (Flavinoid) ဖြစ်တယ်။ ဖလေဗင်နွိုက်မှာ ကျူအာဇီတင် (Couercetin) တစ်ခုပါဝင်တယ်။ အဆုတ်ကင်ဆာနဲ့ မျိုးဥကင်ဆာ ကာကွယ်ပေးတယ်။

(ဃ)                 အရောင်လျော့ခြင်း။ အရောင်လျော့စေတယ်။ အဆစ်အမျက်ရောင်ခြင်း၊ အသည်းရောင်ခြင်းတွေမှာ စားသင့်တယ်။

(င)                   ပန်းနာရင်ကျပ်၊ လေပြွန်မှာရှိတဲ့ သွေး ကြောတွေဖောင်းလာရင် လေပြွန်ကျဉ်းပြီးပိုဆိုးလာလို့ ကြွက်သား ကျုံ့ဝင်သွားကာပန်းနာရင် ကျပ်နဲ့ပျို့တာ၊ အန်တာ၊ ဓာတ်မတည့်တာတွေကို   ပန်းသီးက ကာကွယ်နိုင် ပါတယ်။

(စ)                   ဆီးချို။ ပန်းသီးပုံမှန်စားရင် ဆီးချိုသွေးချိုအထောက်အကူပြုတယ်။ ဆီးချိုရဲ့ နောက်ဆက် တွဲပြဿနာ မျက်စိမှုန်ခြင်း၊ ခြေလက်ထုံကျဉ်ခြင်းကိုကာကွယ်နိုင်တယ်။ ချဉ်တဲ့ပန်းသီးစားပေးခြင်းက ဆီးချိုကာကွယ် နိုင်တယ်။

ပြောင်းဖူး

အဖူးလိုက် မီးဖုတ်ပြီးအစေ့ကို လှီးထုတ်ကာ စမုန်ဖြူ၊ ပင်စိမ်းတို့နဲ့အတူ နွားနို့၊ ကြက်သား၊ ဝက်ပေါင်ခြောက်တို့နဲ့ စမိုင်ချက်စားရင် ကောင်းတယ်။ ဟင်းရွက်နဲ့အတူ အရည်သောက်ချက်စားရင် ရေမှာပျော်ဝင်တဲ့ အပင်ဓာတ်ပစ္စည်းတွေ ဆွဲနုတ်ထိန်းသိမ်းထားနိုင်လို့  ဗီတာမင် အပြည့်အဝရနိုင်စေပါတယ်။

မုန်လာဥနီ

 မုန်လာဥနီမှာ ကျန်းမာစေတဲ့ ပိုလီအဆီသလင် (Polyacitaline) ဒြပ်ပေါင်းက ဥနီရဲ့မျက်နှာပြင်အနီမှာ စုဝေးနေလို့ အဆိုပါ ဒြပ်ပေါင်း ဆုံးရှုံးမသွားစေဖို့၊ ရေမှာပျော်ဝင်နိုင်တဲ့ ဆုံးရှုံးမှုမဖြစ်ရအောင်ပြုတ်ခြင်း၊ ပေါင်းခြင်းနဲ့မဆုံးရှုံးရအောင် ဆီလူးပြီး ကင်စားရင် မွှေးမွှေးနဲ့စားလို့လည်းကောင်း၊ ဗီတာမင်လည်း အပြည့်အဝရနိုင်ပါတယ်။ ဗီတာမင်အေကြွယ်ဝစွာပါဝင်တယ်။

သစ်သီး

မနက်သင်္ဘော၊ ညငှက်ပျောလို့ဆိုရိုးရှိပါတယ်။ မနက်ထမင်းစားပြီး သင်္ဘောသီးစားခြင်း၊ ညငှက်ပျောသီးစားခြင်းပြုသင့်တယ်။ အစာချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ပါလို့ ဝမ်းသွားခြင်း၊ ဝမ်းမှန်စေခြင်း၊ အူရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်လို့ နေ့စဉ်ပုံမှန်စား သုံးပေးသင့်ပါတယ်။ ကိုဗစ်ကာလမှာ အာဟာရပြည့်ဝစွာ စားသုံးပေးခြင်းက ရောဂါကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။    ။

ဒေါက်တာလွင်သန့်