ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများအတွက် စားအုန်းဆီများကို ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများအတွက် စားအုန်းဆီများကို ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

ရန်ကုန် စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများ အဆင်ပြေစေရန် စားအုန်းဆီ များကို ဈေးကားများဖြင့် လှည့်လည်ရောင်း ချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း၏ပြောကြားချက်အရ သိရသည်။

ထိုသို့ရောင်းချရာတွင် ကမာရွတ်၊ လှိုင် သာယာ၊ တောင်ဥက္ကလာပ၊ ဒဂုံ(မြောက် ပိုင်း)၊ တွံတေး၊ ခရမ်း  စသည့်မြို့နယ် များသို့   ဈေးကားများဖြင့်  လှည့်လည်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“စားသုံးသူတွေအတွက် ရပ်ကွက်တွေ မှာ ဈေးကားတွေနဲ့ လှည့်လည်ရောင်းချ ပေးနေတာပါ။ လက်ကားကုန်သည်တွေရော  လက်လီကုန်သည်တွေပါ  ရောင်းချ ပေးနေပါတယ်” ဟု ဦးဆန်းလင်းကပြော သည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍  ဈေးကွက် အတွင်း စားအုန်း ဆီဈေးနှုန်းတည်ငြိမ်စေရေးအတွက် လက် လီလက်ကားကုန်သည်များကို တစ်ပိဿာ လျှင် ငွေကျပ် ၃၇၀၀ နှုန်းဖြင့် ရောင်းချ ပေးလျက်ရှိပြီး ယင်းအပေါ်တွင် အမြတ် ခွန် ၂ ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်း ဖြင့် ပြန်လည် ရောင်းချရမည်ဖြစ်ကြောင်း၊ ထို့ပြင် စားသုံးဆီများ ဈေးကွက်အတွင်း မပြတ်လပ်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက် ရှိရာ လိုအပ်သည်ထက်  ပိုမိုဝယ်ယူခြင်း မပြုကြရန်လည်း  လိုအပ်ကြောင်း  သိရသည်။

ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှုနှင့် စားသုံးမှုမလုံလောက်သောကြောင့် ပြည်ပမှ စားသုံးဆီ အဓိကတင်သွင်းလျက်ရှိကြောင်း၊ ထိုသို့တင်သွင်းရာတွင် တစ်လလျှင် တန်ချိန် ခုနစ်သောင်းဝန်းကျင် တင်သွင်းရကြောင်း သိရသည်။

နေနေ