ကမ္ဘာ့ရောင်းလိုအား ပျက်စီးမှုက ပိုဆိုးလာဖွယ်ရှိဟု ဗဟိုဘဏ် ဥက္ကဋ္ဌများ သတိပေး

ကမ္ဘာ့ရောင်းလိုအား ပျက်စီးမှုက ပိုဆိုးလာဖွယ်ရှိဟု ဗဟိုဘဏ် ဥက္ကဋ္ဌများ သတိပေး

တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုကို ဖျက်ဆီးနေသည့်  ကမ္ဘာ့ရောင်းလိုအားပျက်စီးမှုက   ပိုဆိုးလာနိုင်ဖွယ်ရှိသည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌများက  စက်တင်ဘာ ၂၉ ရက်တွင် သတိပေးထားသည်။

ထို့ပြင် လက်ရှိ ကုန်ဈေးနှုန်းများ ကြီးမြင့်မှုကို  ယာယီအားဖြင့် ထိန်းချုပ်နိုင်မည်ဖြစ် သော်လည်း ငွေကြေးဖောင်းပွမှုသည် အချိန်ကြာလာသည်နှင့်အမျှ   ပိုမိုမြင့်တက်လာ မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌများက ထပ်မံ သတိပေးထားသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကပ်ရောဂါကာလအတွင်း   ကမ္ဘာ့စီးပွားရေး ပျက်စီးမှုက  ကမ္ဘာအနှံ့ရှိ ရောင်းလိုအား ကွင်းဆက်ပြဿနာများကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။

ထိုသို့သောပြဿနာများ ဖြစ်ပေါ်မှုကြောင့် မော်တော်ကား ဆက်စပ်ပစ္စည်းများနှင့် မိုက်ခရိုချစ်များမှသည်   ကုန်စည်များကို သယ်ယူပို့ဆောင်ပေးနေသည့် ကုန်တင်သင်္ဘောကြီးများအထိ    လိုအပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ   နည်းပါးပြတ်လပ်ခြင်းကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့် အဆိုပါ ပြဿနာများသည် လာမည့်နှစ်အထိ    ဆက်လက်ဖြစ်ပွား နေဖွယ်ရှိကာ ငွေကြေးဖောင်းပွမှုသည်လည်း ယခင်က ထင်ထားသည်ထက်   ပိုမိုရှည်ကြာစွာ ဖြစ်ပေါ်မည်ဖြစ်ကြောင်း     ဥရောပ ဗဟိုဘဏ်များ ဖိုရမ်တွင် အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျရုမ်းပါဝဲ ကပြောသည်။

ပြီးခဲ့သည့်လများအတွင်း စွမ်းအင်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ကမ္ဘာ့ငွေကြေး ဖောင်းပွမှုသည်လည်း    မြင့်တက်လာပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ကုန်ပစ္စည်းဈေးနှုန်းများကို အတိုင်းအတာ တစ်ခုအထိ တိုးမြှင့်လိုက်ရသည်။

ထို့ပြင် ကပ်ရောဂါကာလအတွင်း ရောင်းလိုအား ကျဆင်းမှုနှင့်  ကုန်စည်နှင့် ဝန်ဆောင်မှု ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် ကုန်ပစ္စည်းတစ်ခုကို ပုံမှန်ထက် ပိုပေး၍ ဝယ်နေရသည့်အတွက်    ငွေကြေးဖောင်းပွမှု ဖြစ်လာရခြင်း ဖြစ်ကြောင်း သိရသည်။                       

Ref: TST