အမြန်လမ်းမကြီးပေါ်၌ ကိုးလတာ ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၉၄ မှုဖြစ်ပေါ်ခဲ့ပြီး ၅၈  ဦးသေဆုံး

အမြန်လမ်းမကြီးပေါ်၌ ကိုးလတာ ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၉၄ မှုဖြစ်ပေါ်ခဲ့ပြီး ၅၈  ဦးသေဆုံး

နေပြည်တော်  အောက်တိုဘာ  ၂

ရန်ကုန်-မန္တလေး  အမြန်လမ်းမကြီးပေါ်၌ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ   ၃ဝ  ရက်အထိ ကိုးလတာအတွင်း  ယာဉ်မတော်တဆမှုပေါင်း ၁၉၄  မှုဖြစ်ပေါ်ခဲ့ပြီး တရားခံပေါင်း ၂ဝ၃ ဦး ရှိပြီး  ထိခိုက်ဒဏ်ရာ ရသူပေါင်း ၃၃၁ ဦးနှင့် ၅၈ ဦးသေဆုံးကာ  ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၇၁၁၃၈၃ဝဝ  ရှိကြောင်း  အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကိုးလတာကာလအတွင်း   ယာဉ်မတော်တဆမှု ဖြစ်ပေါ်ရသော အကြောင်းရင်းများအနက် လူကြောင့်ဖြစ်ပေါ်မှု ၁၄၂ မှု၊ ယာဉ်ကြောင့်ဖြစ်ပေါ်မှု  ၅ဝ မှု၊ လမ်းကြောင့်ဖြစ်ပေါ်မှုမရှိဘဲ ရာသီဥတုကြောင့် ၂ မှုစုစုပေါင်း ၁၉၄ မှုဖြစ်ပေါ်ခဲ့ပြီး  ယာဉ်မတော်တဆမှုကြောင့် အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၅၈ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၉၁ ဦး၊ အမျိုးသမီး ၁၄ဝ ဦး စုစုပေါင်း ၃၃၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိသည်။

အမြန်လမ်းရဲတပ်ဖွဲ့သည် အကွာအဝေးမိုင် ၃၅၂ ဒသမ ၆ မိုင်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက်တွင် တပ်ဖွဲ့မှူးရုံးတစ်ရုံး၊ တပ်ဖွဲ့စုရုံးသုံးရုံး၊  ရဲစခန်း ၁၆ ခု၊  ရဲကင်း၄၂  ခုတို့ဖြင့်ဖွဲ့စည်းထားရှိပြီး    ခရီးသွား ပြည်သူအများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် နေ့စဉ်ရဲစခန်း/ရဲကင်းများ အလိုက် လှည့်ကင်း၊ ရပ်ကင်းများအား ဆိုင်ကယ်လှည့်ကင်း၊ ကားလှည့်ကင်းများဖြင့် နေ့ညမပြတ် ဆောင်ရွက်လျက် ရှိသည့်အပြင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း  အသိပညာပေး ဟောပြောခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ယာဉ်မောင်းများအား  အရက်မူးတိုင်းကိရိယာ၊  အချိန်နှုန်းတိုင်းကိရိယာတို့ဖြင့်     စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။