ယူကရိန်း သမ္မတက ရုရှားသမ္မတနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန် အသင့်ရှိဟုဆို

ယူကရိန်း သမ္မတက ရုရှားသမ္မတနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန် အသင့်ရှိဟုဆို

ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး    တံခါးပိတ်ဆွေးနွေးရန် အသင့်ရှိကြောင်း သိရသည်။

ယူကရိန်းအစိုးရသည် ထိုသို့သော ပုံစံမျိုးဖြင့် ရုရှားသမ္မတနှင့် တွေ့ဆုံရန် အသင့်ရှိကြောင်း၊ ထိုသို့တွေ့ဆုံခြင်းသည် မှန်ကန်စွာ ဆောင်ရွက်ရမည့် နည်းလမ်းဖြစ်သည်ဟု မှတ်ယူကြောင်းနှင့် ထိုသို့တွေ့ဆုံခြင်းဖြင့် အတွင်းကျကျ ဆွေးနွေးမှုရရှိနိုင်ကြောင်း ဗိုလိုဒိုမာဇီလန်စကီက အောက်တိုဘာ ၃ ရက်တွင်ပြောသည်။

ပူတင်၏  နောက်ပါအသင်းအပင်းက ထိုသို့သော မျက်နှာချင်းဆိုင် တံခါးပိတ်ဆွေးနွေးမှုမှ မမျှော်လင့်သော ရလဒ်ထွက်ပေါ် လာနိုင်သည့်အတွက် အဆိုပါ ဆွေးနွေးမှုကို လိုလားခြင်းမရှိကြောင်း   ယူကရိန်း သမ္မတက ယူဆထားသည်။   

သို့သော် ထိုဆွေးနွေးပွဲသည် အလွန်အကျိုးများသော  ဆွေးနွေးပွဲဖြစ်မည်ဖြစ်ကြောင်း   ဗိုလိုဒိုမာဇီလန်စကီက  ပြောသည်။

အလားတူ ရုရှား၊ ယူကရိန်း၊ ဂျာမနီနှင့် ပြင်သစ်အစိုးရခေါင်းဆောင်များ ပါဝင်သော လေးပွင့်ဆိုင် ဆွေးနွေးပွဲဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍  ၎င်းအနေဖြင့် ထိုဆွေးနွေးပွဲကိုမူအားဖြင့်  သဘောတူထားကြောင်း ယူကရိန်းသမ္မတက ဆက်ပြောသည်။

ထိုကဲ့သို့သော နိုင်ငံ့ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုသည်  ဒွန်ဘတ်အရေးနှင့် ခရိုင်းမီးယား အရေးတို့ကိုကိုင်တွယ် ဖြေရှင်းနေသည့် ယူကရိန်း အစိုးရအတွက် အထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်း ဗိုလိုဒိုမာဇီလန်စကီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောထားသည်ဟု သိရသည်။

Ref: Sputnik