လိုတစ်မျိုး၊ မလိုတစ်မျိုးမူဝါဒသုံးသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားပြော

လိုတစ်မျိုး၊ မလိုတစ်မျိုးမူဝါဒသုံးသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားပြော

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များစွာရှိသည့် အနက် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် စမ်းသပ်မှုများ အပါအဝင် စစ်ရေးလှုပ်ရှားမှု များအပေါ်သာ လိုတစ်မျိုး၊ မလိုတစ်မျိုး မူဝါဒအသုံးပြုသည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် အကျိုးဆက်များနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက အောက်တိုဘာ ၃ ရက်တွင်ပြော သည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အမေ ရိကန်နှင့် နိုင်ငံအချို့၏ တောင်းဆိုချက်ဖြင့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်၍ တံခါးပိတ်အစည်းအဝေး ပြုလုပ်ပြီးနောက် မြောက်ကိုရီးယားအစိုးရ ၏ ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ် သည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခင်က မမြင်ဖူးသော  အသံထက်အလွန်မြန် ဒုံးကျည်၊ အမြင့်ပျံ ဒုံးကျည်များနှင့် နျူကလီး ယားထိပ်ဖူး တပ်ဆင်နိုင်ဖွယ်ရှိသော အနိမ့် ပျံဒုံးကျည် တစ်စင်းတို့ကိုစမ်းသပ် ပစ်ခတ်မှုများ အပါအဝင် မကြာသေးမီက လေယာဉ် ပစ်ဒုံးကျည်အသစ် တစ်မျိုးကို စမ်းသပ်ပြီး နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေး ပြုလုပ်ခြင်းဖြစ်သည်။

ထို့ကြောင့် လုံခြုံရေးကောင်စီ၏တံခါးပိတ် အစည်းအဝေးသည် အခြေအမြစ်မရှိ မှု၊ မြောက်ကိုရီးယားနိုင်ငံ၏ အချုပ်အခြာ  အာဏာအပေါ် အကြောင်းမဲ့သက်သက်ထိပါး နှောင့်ယှက်မှုနှင့်    တကယ့်ကိုသည်းမခံနိုင်သော ရန်စကျူးကျော်မှုဖြစ်ကြောင်း မြောက် ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံတကာ အဖွဲ့အစည်းများဌာနမှ ညွှန်ကြား ရေးမှူး ဂျိုချိုဆုကပြောသည်။

ထို့ပြင် လုံခြုံရေးကောင်စီသည် အမေရိကန်နှင့် အပေါင်းအပါများက လုပ်ဆောင်သော  ပူးတွဲစစ်ရေး လေ့ကျင့်မှုများနှင့် လက်နက်စမ်းသပ်မှုများကိုမူ ရေငုံနှုတ်ပိတ်နေပြီး လိုတစ်မျိုး၊ မလိုတစ်မျိုးမူဝါဒကို ကျင့်သုံးနေကြောင်းနှင့် မြောက်ကိုရီးယား၏ ဆောင်ရွက်မှုများ အားလုံးသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးလှုပ်ရှားမှုများသာ ဖြစ်ကြောင်း ဂျိုချိုဆုက ဆက်ပြောသည်။

အလားတူ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် ထိုသို့သော မူဝါဒကို ကျင့်သုံးကာ မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာကို ဆက်လက်ချိုးဖောက်ပြီး အမေရိကန် ပုံစံတောပုန်းဓားပြ တွေးခေါ်မှုများနှင့် ဆုံးဖြတ်ချက်များအပေါ်သာ ဆက်လက်မှီခိုနေမည် ဆိုပါက အကျိုးဆက်များနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ၎င်းကသတိပေးထားသည်ဟု သိရသည်။

Ref: TST