ရေနံရောင်းလိုအား ကျဆင်းနေစဉ် ရေနံစိမ်း တိုးမြှင့်ထုတ်လုပ်ရန် အိုပက်အဖွဲ့ ဆွေးနွေးမည်

ရေနံရောင်းလိုအား ကျဆင်းနေစဉ် ရေနံစိမ်း တိုးမြှင့်ထုတ်လုပ်ရန် အိုပက်အဖွဲ့ ဆွေးနွေးမည်

ကမ္ဘာ့ဈေးကွက်အတွင်း ရေနံရောင်းလိုအား ကျဆင်းပြီး ဝယ်လိုအားမြင့်တက် သည့်အတွက် ရေနံစိမ်းတစ်စည်လျှင် အမေရိ ကန်ဒေါ်လာ ၈ဝ အထိဈေးမြင့်တက် လာစဉ် ရေနံစိမ်း ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရန် အိုပက်အဖွဲ့နှင့် မိတ်ဖက်နိုင်ငံများက အောက်တိုဘာ ၄ ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံဦးဆောင်သော ရေနံတင်ပို့သည့် နိုင်ငံများ အဖွဲ့အစည်းနှင့် မိတ်ဖက် နိုင်ငံများက ၂ဝ၂၂ ခုနှစ် ဧပြီလအထိ လစဉ်တစ်ရက်လျှင် ရေနံစိမ်း စည်လေးသိန်း အထိတိုးမြှင့်ထုတ်လုပ်ရန် သဘောတူထားသည်။ သို့သော် သဘာဝဓာတ်ငွေ့ ဈေးနှုန်းမြင့်တက်ခြင်းနှင့်အတူ ရေနံဈေးနှုန်းသည်လည်း သုံးနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ရောင်းလိုအားကျဆင်းခြင်းနှင့် အခြားသော လောင်စာထုတ်လုပ်မှုများ ကျဆင်းခြင်း တို့ကြောင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းမှာ သုံးဆအထိမြင့်တက်ကာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂ဝဝ အထိ ရှိလာသည်။ ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံများက မူလသဘောတူထားသည့် ရေနံထုတ်လုပ်မှု ပမာဏထက် ကျော်လွန်ထုတ်လုပ်ရန် စဉ်းစားလာခြင်းဖြစ်ကြောင်း အိုပက်အဖွဲ့မှ သတင်း အရင်းအမြစ်များက ပြောသည်။

သို့သော် တိုးမြှင့်ထုတ်လုပ်မည့် ရေနံစိမ်း ပမာဏနှင့် ရောင်းလိုအား တိုးမြှင့်မည့်အချိန် တို့နှင့် ပတ်သက်၍ ၎င်းတို့က အသေးစိတ် ပြောထားခြင်း မရှိသည်ကိုတွေ့ရသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး နှင့် အခြားစွမ်းအင်ဈေးနှုန်းများ မြင့်တက်ခြင်း ကြောင့် ကမ္ဘာတစ်ဝန်းတွင် ငွေကြေးဖောင်းပွမှုများ ဖြစ်ပွားလျက်ရှိရာ စီးပွားရေး နာလန်ထူမှုကို နှောင့်နှေးစေသည်။

ရုရှားနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏမှာ စက်တင်ဘာလတွင် တစ်ရက်လျှင် စည်ပေါင်း ၁ဝ ဒသမ ၇၂ သန်း နှုန်းရှိရာ ၂ဝ၂ဝ ပြည့်နှစ် ဧပြီလနောက်ပိုင်း ထုတ်လုပ်မှုပမာဏ အများဆုံးဖြစ်ကြောင်း သိရသည်။                    

 Ref: CNA