အီတလီနိုင်ငံ မြောက်ပိုင်း၌ လေယာဉ်တစ်စင်း ပျက်ကျ လူရှစ်ဦး သေဆုံး

အီတလီနိုင်ငံ မြောက်ပိုင်း၌ လေယာဉ်တစ်စင်း ပျက်ကျ လူရှစ်ဦး သေဆုံး

အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့ဆင်ခြေဖုံး ရပ်ကွက်ရှိ    လူမနေသည့် အဆောက်အအုံ တစ်လုံးအပေါ်သို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျရာ လေယာဉ်ပေါ်တွင် လိုက်ပါသူ  ရှစ်ဦးစလုံး သေဆုံးကြောင်း  ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါလေယာဉ်သည် အောက်တိုဘာ ၃ ရက်တွင် မီလန်မြို့ရှိ လီနာတေလေဆိပ်မှ ဆာဒင်ညာကျွန်းသို့ ဦးတည်မောင်းနှင်နေစဉ်  မြို့ပြင်ရှိမြေအောက် ဘူတာရုံအပြင်ဘက်၌ ပျက်ကျခြင်းဖြစ်သည်။

လေယာဉ်သည်   ပျက်ကျပြီးနောက် နှစ်ထပ်အဆောက်အအုံနှင့် ပြင်းထန်စွာ ဆောင့်မိကြောင်း၊ ထို့ကြောင့် အဆိုပါနေရာရှိ လူများအနေဖြင့်  ပေါက်ကွဲသံများကို ကြားရကြောင်းနှင့်  လေယာဉ်ပျက်ကျချိန်တွင်  နှစ်ထပ်အဆောက်အအုံမှာ ပြုပြင်နေဆဲဖြစ်သည့်အတွက် လူနေထိုင်ခြင်း မရှိကြောင်း   တာဝန်ရှိသူများက ပြောသည်။

Ref: TST