အိုမန်နိုင်ငံသို့ ရှာဟင်းမုန်တိုင်း ဦးတည်တိုက်ခတ် လူသုံးဦးသေဆုံး

အိုမန်နိုင်ငံသို့ ရှာဟင်းမုန်တိုင်း ဦးတည်တိုက်ခတ် လူသုံးဦးသေဆုံး

အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း တစ်လုံးဖြစ်သည့် ရှာဟင်းသည် အောက်တိုဘာ ၃ ရက်တွင် အိုမန်နိုင်ငံသို့ ဦးတည်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း  သိရသည်။

တာဝန်ရှိသူများသည် အဆိုပါမုန်တိုင်း ဦးတည်တိုက်ခတ်မှုကြောင့်  ကမ်းရိုးတန်း ဒေသများရှိ ဒေသခံများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းပြီး မတ်စကတ်မြို့သို့ ဆိုက်ရောက်မည့် လေယာဉ်များနှင့် ထွက်ခွာမည့်  လေယာဉ် ခရီးစဉ်များကို ဖျက်သိမ်းလိုက်သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ကလေးငယ် တစ်ဦးသည် ရေစီးနှင့်အတူ မျောပါသေဆုံး နေသည်ကို တွေ့ရကြောင်းနှင့် စက်မှုဇုန်အတွင်းရှိ လူနေအိမ်များအပေါ် တောင်ကုန်း ပြိုကျမှုကြောင့် အလုပ်သမားနှစ်ဦး သေဆုံးကြောင်း နိုင်ငံပိုင်သတင်းဌာန တစ်ခုက ထုတ်ပြန်သည်။

မုန်တိုင်း၏ ဗဟိုချက်သည် မတ်စကတ်မြို့မှ ကီလိုမီတာ ၆ဝ အကွာတွင်ရောက်ရှိနေပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၂ဝ နှင့်အထက်ရှိကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်ဟု သိရသည်။

Ref: TST