သာစည်မြို့၊ ယင်းမာပင်ကျေးရွာအနီးရှိ စက်တွင်းချောင်း၌ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

သာစည်မြို့၊ ယင်းမာပင်ကျေးရွာအနီးရှိ စက်တွင်းချောင်း၌ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

နေပြည်တော် ၊  စက်တင်ဘာ - ၁၁
    
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ ယင်းမာပင်ကျေးရွာ၊ ညောင်ပင်သာရပ်ကွက်နေ စည်သူဌေးသည် စက်တင်ဘာ ၁၀ ရက်မွန်းလွဲ ၁ နာရီခန့်တွင် ကျေးရွာ၏အနောက် ဘက်မီတာ ၃၀၀ ခန့်အကွာရှိ စက်တွင်းချောင်း၌ သဲကျုံးလုပ်ငန်းလုပ်ကိုင်စဉ် သံချေးတက် နေသော အလျား ၂၂ လက်မ၊ လုံးပတ် ၅ ဒသမ ၂ လက်မရှိ ဗုံးသီးဟောင်းတစ်လုံးအား တွေ့ရှိကြောင်းသိရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးသိမ်းဆည်းခဲ့သည်။
    
အဆိုပါဗုံးသီးဟောင်းအား အများပြည်သူများအန္တရာယ်မဖြစ်စေရေး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။