ပုသိမ်ကြီးမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်ငါးဖမ်း လှေတစ်စီးဖမ်းမိ

ပုသိမ်ကြီးမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်ငါးဖမ်း လှေတစ်စီးဖမ်းမိ

နေပြည်တော် ၊  စက်တင်ဘာ - ၁၁
    
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ် ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ဟိုင်းကြီးကျွန်းမြို့၏အနောက်တောင်ဘက် ရေမိုင် ၂၆ မိုင်ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ်လှေတစ်စီးတွေ့ရှိသဖြင့် အချက်ပြခေါ်ယူ စစ်ဆေးရာ ပြည့်ဖြိုးဝေအမည်ရှိ တရားမဝင်ငါးဖမ်းလှေ ၁ စီးပေါ်မှ အမျိုးသား ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။
    
 အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေအား ဟိုင်းကြီးကျွန်းမြို့၊ ငါးလုပ်ငန်းဦးစီး ဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။