သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူလမ်းခွဲအနီး၌ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူများ အား ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူလမ်းခွဲအနီး၌ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူများ အား ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၁၁
    
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် သက္ကောကျေးရွာ၊ ဘုရားသုံးဆူလမ်းခွဲအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် ယနေ့ နေ့လယ် ၁၁ နာရီခန့်တွင် ဘုရားသုံးဆူမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသော Honda Fit  အမျိုးအစားမော်တော်ယာဉ်အမှတ်၊ YGN 6H/----- အားရပ်တန့်စစ်ဆေးရာ  ယာဉ်မောင်းဖြစ်သူ ခန့်ဇော်ကို(ဘ)ဦးခင်မောင်ထွန်း အပါအဝင်အမျိုးသား ၃ ဦးကို ယာဉ်ပေါ်မှ အဖြူရောင်ပလတ်စတစ်အိတ်ဖြင့်ထုပ်ထားသော ICE    ၉ ကီလိုဂရမ်နှင့် WY  စာတမ်းပါစိတ်ကြွဆေးပြား ၄၈၄၀ ပြား(စုစုပေါင်းမူးယစ်ဆေးဝါးများခန့်မှန်းတန်ဖိုးငွေ  ကျပ်သိန်းပေါင်း ၃၈၄၀ ကျော်)နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်ဖမ်းဆီးရမိသူများအား သံဖြူဇရပ်မြို့မရဲစခန်းသို့အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။