သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက တိုင်ကြားနိုင်

သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက တိုင်ကြားနိုင်

နေပြည်တော် အောက်တိုဘာ ၈

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့်  ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂  ရက်မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် ၁၆၉ ဆိုင်တွင် 92 Ronလီတာ ၁၂၈၆၆၂၇ဝ၊ ဒီဇယ် ၇၆၃၉၄၇၁လီတာနှင့် Premium ဒီဇယ်လီတာ ၁၂၁၄၅၇၆ဝ တို့ ဖြန့်ဖြူးရောင်းချ ပေးထားပြီးဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင် လိပ်စာများကို ကြေညာခဲ့ပြီးဖြစ်သည်။

ပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် ဖော်ပြပါဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီ ဖုန်း-ဝ၉-၆၆၄ဝ၇၅၆၈၃၊ ဝ၉-၆၆၄၅၉၆၃၂၇၊ ဝ၉-၆၈၇၆၃၅၉၄၃၊ ဝ၉-၆၇၆၃၂ဝ၈၂၆ စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဖုန်း-ဝ၁-၂၅ဝ၂၇ဝ၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းဖုန်း-ဝ၉-၄၂၁ဝဝ၆၇၉၄ တို့ကို ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။