၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန်ချိန် တစ်သောင်းကျော် တင်ပို့နိုင်

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန်ချိန် တစ်သောင်းကျော် တင်ပို့နိုင်

၂ဝ၂ဝ-၂ဝ၂၁   ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့တင်ပို့သော ရေထွက်ကုန်ပစ္စည်းများ အနက်  ပုစွန်တင်ပို့မှုမှာ  မက်ထရစ်တန်ချိန် တစ်သောင်းကျော်ရှိပြီး အမေရိကန် ဒေါ်လာ  ၅ဝ ဒသမ ၄၃၅  သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

''၂ဝ၂ဝ-၂ဝ၂၁   ဘဏ္ဍာနှစ်အတွင်း  ပြည်ပကို ရေထွက်ကုန် တင်ပို့မှုမှာ ပုစွန် တင်ပို့မှုအနေနဲ့  ပုံမှန်ကုန်သွယ်မှုကနေ မက်ထရစ်တန်ချိန် ၈၁၄၂ ဒသမ ဝ၈၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ  ၄ဝ ဒသမ ၄၂၂ သန်းရရှိခဲ့ပါတယ်။  ဒါ့ပြင် နယ်စပ် ကုန်သွယ်ရေးကနေ     ပုစွန် မက်ထရစ်တန်ချိန် ၃၇၄ဝ ဒသမ ၅၇၉ တန်တင်ပို့ပြီး   အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ဝ၁၃ သန်းရရှိခဲ့တဲ့ အတွက် စုစုပေါင်း မက်ထရစ်တန်ချိန် ၁၁၈၈၂ ဒသမ ၆၆၄ တန်တင်ပို့နိုင်ပြီး    အမေရိကန်ဒေါ်လာ  ၅ဝ ဒသမ ၄၃၅  သန်းရရှိခဲ့ပါတယ်''  ဟု  ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မြန်မာ့ရေထွက်ကုန်များကို ပြည်ပသို့ ပုံမှန်တင်ပို့လျက် ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ထက်  ပုစွန်တင်ပို့မှု  အနည်းငယ်လျော့ နည်းခဲ့ကြောင်း သိရသည်။

မြန်မာ့ ရေထွက်ကုန်များကို    ပြည်ပ နိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့မှုရှိကြောင်း သိရသည်။