ပျဉ်းမနားမြို့နယ်တွင် အသက် ၁၂ နှစ် အထက်ရှိသူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ    

ပျဉ်းမနားမြို့နယ်တွင် အသက် ၁၂ နှစ် အထက်ရှိသူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ    

ပျဉ်းမနား  အောက်တိုဘာ  ၁၄

နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ် တစ်နှစ်နစ်နာမှု မရှိစေရေး အခြေခံပညာကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းများ ဖွင့်လှစ်စဉ် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းမှ အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာလ ၁၂ ရက်မှစတင်၍ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ရှိသူ ကျောင်းသား၊ကျောင်းသူများအား ပျဉ်းမနားမြို့   မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တွင် ဆက်လက် ထိုးနှံပေးလျက်ရှိပြီး  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက် ၁၂  နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများအား   မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊  ကျန်းမာရေးဌာန၊ ပညာရေးဌာန၊  လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား၊ကျောင်းသူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်းများပြုလုပ်ပြီး ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးနောက် ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား မိနစ် ၃ဝ ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။