ယနေ့ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၃၂၉ ဦးထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၁၅

ယနေ့ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၃၂၉ ဦးထပ်တိုး

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၁၄-၁၀-၂၀၂၁) ရက် ည ၈ နာရီမှ (၁၅-၁၀-၂၀၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၅၅၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၂၉ ဦး တွေ့ရှိရ သည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၇ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၅၉၃၆၇၄ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၄၈၅၆၄၆ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်    ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၁၅ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၃၇၈၅၅ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။  ကိုဗစ်-၁၉ ရောဂါဖြင့်  ထပ်မံသေဆုံးသူ ၄၂ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၂၉၇ ဦးရှိသည်။ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အသက် ၁၂ နှစ်ပြည့်ပြီးသူ အခြေခံပညာဦးစီးဌာန၊   အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည်- (၁) အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ (၂) အခြေခံပညာကျောင်းသား၊ ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား၊   သေဆုံးမှုကို လျှော့ချရန်၊ (၃)  ကျောင်းသား၊ ကျောင်းသူများမှ တစ်ဆင့် မိသားစုနှင့်ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလအထိ လည်းကောင်း၊ ဒုတိယအကြိမ် ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိလည်းကောင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြု ချက်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ရာ မိဘပြည်သူများမှလည်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www. mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။                       

(၅၀၀)