လက်စတာအသင်းကို ရှုံးနိမ့်ပြီးနောက် မန်ယူအသင်း အနေဖြင့် အဝေးကွင်း ၂၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ရပ်တန့်ပြီး နည်းပြ ဆိုးလ်ရှားအတွက် ဖိအား ပိုမိုမြင့်တက်လာ

လက်စတာအသင်းကို ရှုံးနိမ့်ပြီးနောက် မန်ယူအသင်း အနေဖြင့် အဝေးကွင်း ၂၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ရပ်တန့်ပြီး နည်းပြ ဆိုးလ်ရှားအတွက် ဖိအား ပိုမိုမြင့်တက်လာ

မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၈)တွင် လက်စတာအသင်းကို ရှုံးနိမ့်ပြီးနောက် အသင်း သမိုင်းတစ်လျှောက် အဝေးကွင်း ၂၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ရပ်တန့်ခဲ့ရသည့်အပြင် နည်းပြ ဆိုးလ်ရှားအတွက်လည်း    ဖိအားများ ပိုမိုမြင့်တက်လာကြောင်း   သိရသည်။

မန်ယူအသင်းသည် နည်းပြဆိုးလ်ရှား တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဘောလုံးရာသီကတည်းက   ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်  အဝေးကွင်း တစ်ပွဲမျှရှုံးနိမ့်ခြင်း မရှိဘဲ အဝေးကွင်းကစားခဲ့သည့် ၂၉ ပွဲဆက် တွင် ၁၉ ပွဲအနိုင်ရရှိပြီး  ၁ဝ  ပွဲသရေရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း  လက်စတာအသင်းနှင့် ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် စံချိန် ကျိုးပြတ်ခဲ့ရခြင်းဖြစ်သည်။

မန်ယူအသင်းသည် နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်များ ဆိုးရွားခဲ့မှုကြောင့်   နည်းပြဆိုးလ်ရှား အနေဖြင့် နောက်ဆုံးကစားသည့်    ပရီးမီးယားလိဂ်သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံး ခဲ့ပြီးနောက် ဖိအားများ ကျရောက်ခဲ့ရခြင်းဖြစ်သည်။ မန်ယူအသင်းသည် လာမည့်ပွဲစဉ်များ အဖြစ် လီဗာပူး၊ စပါး၊ မန်စီးတီးအသင်းတို့နှင့် ဆက်တိုက် ပွဲကျပ်များ ကစားရမည်ဖြစ်ပြီး ယခုလအတွင်း ကစားမည့်ပွဲစဉ်များတွင် နည်းပြဆိုးလ်ရှား၏ အနာဂတ်အတွက် အဆုံးအဖြတ် ဖြစ်လာဖွယ် ရှိကြောင်း သိရသည်။