ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း

အောက်တိုဘာ - ၁၈
    
ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ မကြာခင်ရောက်ရှိ လာတော့မယ့် သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်းနှုတ်ခွန်းဆက်သ မေတ္တာပို့သအပ်ပါတယ်၊ ကျွန်တော်တို့မြန်မာတို့ရဲ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာမှာတော့ နှစ်သစ်ကူးသင်္ကြန်အခါ သမယနဲ့ သီတင်းကျွတ်ပွဲတို့ဟာ အထွဋ်အမြတ်ထားတဲ့ ပွဲများဖြစ်ပါတယ်၊ ကိုဗစ် ကာလမှာ အကြပ်အတည်းများ ရှိနေတဲ့အတွက်ကြောင့် ဒီပွဲအခမ်းအနားတွေကို မလုပ် ဆောင်နိုင်သော်လည်းဘဲ ကျွန်တော်တို့အနေနဲ့ ဒီအခမ်းအနားတွေကို အလေးအနက် ထားပါကြောင်း ပြောကြားလိုတယ်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာပြုလုပ်ခဲ့ တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲမသမာမှုတွေကြီးမားစွာဖြစ်ပွားခဲ့ တာ မိဘပြည်သူများသိရှိပြီးဖြစ်ပါတယ်၊ ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ ရှက်ဖွယ်ရာ ကောင်း တဲ့မရိုးသားမှုများဟာ တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်စဉ် များဖြစ်ပါတယ်၊ ဒါကိုကျွန်တော်တို့ သင်ခန်းစာယူပြီးတော့မှ နောင်မှာဒီလိုမဖြစ် အောင် ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်၊ ဒီမဲမသမာမှုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို စိစစ်တဲ့အခါမှာ ပြည်သူပြည်သားအားလုံးထိခိုက်တာ တွေရော နိုင်ငံတော်အပေါ်မှာထိခိုက်တာတွေရော ဖော်ထုတ်တွေ့ရှိရပါတယ်၊ ဒါကြောင့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း ကျွန်တော်ပြောကြားလိုပါတယ်။
    
ဒီမိုကရေစီနိုင်ငံတစ်ခုမှာ သဘောထားကွဲလွဲမှုရှိမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲအရဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေငြာမှုပေါ်မှာ သဘောထားကွဲလွဲပြီး ဒီအပေါ်မှာအခြေခံတဲ့ ဆူပူဆန္ဒပြမှု တွေဖြစ်ပေါ်ခဲ့တာ ကျွန်တော်တို့တွေ့ရှိရပါတယ်၊ သူတစ်ပါးတွေရဲ့ သွေးထိုးလှုံ့ဆော်မှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆူပူဆန္ဒပြမှုတွေအပြင် အကြမ်းဖက်လုပ်ရပ်သတ်ဖြတ် ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်၊ အချို့က ပြဿနာတွေကိုကိုယ်တိုင် ကိုယ်ကျ ပါဝင်ပြီးတော့မှ လှုံ့ဆော်တာတွေရှိပါတယ်၊ ဒီထက်လွန်ကဲပြီးတော့မှ အကြမ်းဖက် လုယက်သတ်ဖြတ်မှုတွေလည်း ကျူးလွန်ခဲ့တာရှိပါတယ်၊ ဒါတွေကို ကျွန်တော်တို့ ဖော်ထုတ်အရေးယူထားတာတွေရှိပါတယ်၊ တိုင်းပြည်တစ်ခုဟာ နိုင်ငံ ရေးအယူအဆ သဘောထားမတူညီမှုကတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အခု အခြေအနေမျိုး ဖြစ်ပွားခဲ့ရာမှာ ကျွန်တော်တို့အနေနဲ့ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကို ချမှတ်ပြီးတော့မှ ဆောင်ရွက်လျက်ရှိပါတယ်၊ ကျွန်တော်တို့ ရည်မှန်းဆောင်ရွက်တဲ့ နေရာမှာ တိုင်းပြည်သာယာဝပြောရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံ တဲ့နိုင်ငံ ပြည်ထောင်စုစစ်စစ် ဖြစ်လာရေးတို့အတွက်ဖြစ်ပါတယ်၊ ဒါကြောင့်အေးအေး ချမ်းချမ်းနဲ့ တိုင်းပြည်တစ်ခု ပြောင်းလဲစေချင်တဲ့ဆန္ဒရှိပါတယ်၊ ဒါကြောင့်ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်နိုင်ရေး အတွက် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အုပ်စုများဖြစ်တဲ့ CRPH ၊ NUG တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင်ပါဝင်တဲ့ အတွက်ကြောင့် ပြစ်ဒဏ်ကျမှုခံရသူများနဲ့ အမှုစစ်ဆေးဆဲသူများမှ သင့်လျော်သူများ ကို လာမယ့်သီတင်းကျွတ်အခါသမယမှာ စိတ်အေးချမ်းမြေ့စွာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးမည်ဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်၊ ဆက်လက်ပြီး ဒီအမိန့်ကိုထုတ်ပြန်သွားပါမယ်၊ ပြီးခဲ့တဲ့ ဖေဖေါ် ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့အခမ်းအနားတွေမှာလည်း လွှတ်သင့် လွှတ်ထိုက်သူများကိုလည်း ကျွန်တော်တို့လွှတ်ခဲ့ပြီးဖြစ်ပါတယ်။

ဆက်လက်ပြီး အခုတလော မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံ  ဆက်ဆံရေးအခြေ အနေများ ဖြစ်ပေါ်မှု နဲ့ပတ်သက်ပြီး ကျွန်တော်အသိပေးလိုပါတယ်၊ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်း အဝေးမှာ မူအားဖြင့် ဘုံသဘောတူညီချက် (၅)ခု ရရှိခဲ့ပါတယ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တာဝန်ပေးနိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးနဲ့ဆွေးနွေး ပြီးတဲ့ နောက်ပိုင်းမှာ ဩဂုတ်လ ၄ ရက်နေ့က ဘရူးနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof ကို ကျွန်တော်တို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်၊ ကျွန်တော် တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ Charter များ နှင့်အညီ ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်၊ ဒီ ၅ ချက်ထဲက ပထမအချက်ကအရေးအကြီးဆုံးဖြစ်ပါတယ်၊ အကြမ်းဖက်မှုများအမြန်ဆုံး ရပ်ဆိုင်းရန် နဲ့အားလုံးကထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံးဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့်လည်း ဧပြီလ ကြေငြာချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာ အကြမ်းဖက် အဖွဲ့ လို့ထုတ်ပြန် ကြေငြာထားတဲ့ CRPH နဲ့ NUG တို့ရဲ့လှုံ့ဆော်မှု၊ EAO အချို့ရဲ့ ပါဝင် ပတ်သက်မှု အားပေးမှုများ နဲ့အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်၊ ဒါကို ကျွန်တော်တို့ ယနေ့ထက်တိုင် ရှင်းလင်းနေရဆဲဖြစ်ပါတယ်၊ သူတို့အကြမ်းဖက် လုယက် သတ်ဖြတ်ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက် ထား ဟန့်တားထိန်းသိမ်းမှုတွေ ပြုတာမတွေ့ရပါဘူး၊ ကျွန်တော်တို့ကိုပဲ တောင်းဆို မှုတွေ ပြုလုပ်ပြီးတော့မှ ကျွန်တော်တို့ပဲ ဒီပြဿနာကို ရှင်းလင်းနေရတာ ဖြစ်ပါတယ်၊ ဒါကိုအာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့လိုမယ်လို့ ကျွန်တော်ပြောလိုပါတယ်၊ တစ်ဆက်တည်းမှာပဲ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာလည်း အဆိုပြု တောင်းဆိုချက်များ အမျိုးမျိုး ဖြစ်ပေါ်လာတဲ့ အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေရဆဲဖြစ်ပါတယ်၊ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်၊ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့ အမိန့်နဲ့ဥပဒေများမှအပ ပိုင်းခြားဆောင်ရွက်မှု အတိုင်း လုပ်ကြရတာဖြစ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်နေတယ် ဆိုတာကြေငြာထားပြီးဖြစ်ပါတယ်၊ အာဆီယံ ကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းပြီးမရနိုင်တာတွေရှိပါတယ်၊ ဘယ်လိုပဲ ဖြစ်ပါစေ ကျွန်တော်တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အာဆီယံအပေါင်း အစည်းအဝေးများကိုလည်း အာဆီယံရဲ့အခြေခံမူများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ဆောင်ရွက်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှု လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး ကျွန်တော်နည်းနည်းရှင်းပြလိုပါတယ်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှာ ကိုဗစ်ရောဂါမြန်မာနိုင်ငံမှာစတင်ကူးစက်ခဲ့ပြီးတော့မှ ပထမ လှိုင်းဟာ မတ်လ ၂၃ ရက်နေ့ကနေ ဩဂုတ်လ ၁၅ ရက်နေ့အထိဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းများအရ ကျွန်တော်သိရပါတယ်၊ ဒုတိယလှိုင်းဟာ ဩဂုတ်လ ၁၆ ရက်နေ့က နေပြီးတော့ စတင်ဖြစ်ပွားခဲ့ပြီး မေလ ၂၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်း များအရ ကျွန်တော်တို့တွေ့ရှိရပါတယ်၊ ဒီကာလတွေဟာ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲလွန်ကာလနဲ့ နိုင်ငံရေးအကြပ်အတည်းများဖြေရှင်းနေရတဲ့ကာလတွေ ဖြစ်ပါတယ်၊ ဆေးဝါးမပြည့်စုံမှု ပစ္စည်းမပြည့်စုံမှု၊ ကျန်းမာရေးဝန်ထမ်းများ မပြည့်စုံမှု တွေကြောင့် အခက်အခဲများစွာနဲ့ ဖြေရှင်းကျော်လွှားပြီးတော့ ဆောင်ရွက်ရပါတယ်၊ ကုသဆေးနဲ့ပတ်သက်ပြီးတော့မှ အိန္ဒိယနိုင်ငံက ကုသဆေး သန်း ၃၀ ဝယ်ယူခဲ့သော် လည်းပဲ အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှုအခက်အခဲတွေကြောင့် ကျွန်တော်တို့ ၂ သန်း သာ ရရှိခဲ့ပါတယ်၊ နောက်ထပ်မရရှိခဲ့ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့အခြား မိတ်ဆွေနိုင်ငံတွေကနေ ကာကွယ်ဆေးရရှိရေး ကြိုးပမ်းခဲ့ရာမှာ တရုတ်နိုင်ငံက ဝယ်ယူရရှိခဲ့ပါတယ်၊ အခု သန်း ၂၀ ရရှိခဲ့ပြီးဖြစ်ပါတယ်၊ ဒီလထဲမှာလည်း ထပ်ရောက် မှာဖြစ်ပါတယ်၊ လှူဒါန်းမှုအနေနဲ့ အိန္ဒိယနိုင်ငံက ၂ ဒသမ ၅ သန်း၊ တရုတ်နိုင်ငံ က ၄၆၂၀၈၀၀ ရရှိခဲ့ပြီးဖြစ်ပါတယ်၊ နောက်ထပ် တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက ၈ သန်း ရရှိရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်၊ ကိုဗစ်ဆေးထိုးပေးမှုအနေနဲ့ မနေ့ကအထိ နှစ်ကြိမ် ဆေးထိုးသူပေါင်း ၄၆၉၉၀၃၈ ယောက်၊ တစ်ကြိမ်ဆေးထိုးပြီးသူပေါင်း ၆၈၄၇၂၄၂ ယောက်၊ စုစုပေါင်း Dose ၁၆၂၄၅၃၁၈ ကြိမ်ရှိကြောင်း စိစစ်တွေ့ရှိ ရပါတယ်၊ နောက် ကျောင်းများကိုလည်း မကြာခင် ဖွင့်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် ကြောင့် ကျောင်းသားများကိုလည်း ဆေးထိုးရေးလုပ်ငန်းတွေကို ၁၂ ရက်နေ့ကစပြီး စတင် ဆောင်ရွက်လျက်ရှိပါတယ်။

ဆက်လက်ပြီး ကာကွယ်ဆေး ထပ်မံဝယ်ယူရရှိရေး နဲ့ ပြည်တွင်းမှာထုတ်လုပ် ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်၊ ဒီလို လှူဒါန်းရရှိ၊ ဝယ်ယူရရှိတဲ့ ကာကွယ်ဆေးများကိုလည်း ထိထိရောက်ရောက် ထိထိ ရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းလည်း ကျွန်တော်တို့ ပြောလိုပါတယ်၊ တတိယလှိုင်းဟာ မေလ ၂၇ ရက်နေ့ကစပြီး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ် တတိယလှိုင်း ဝင်ရောက်ပြီးတဲ့နောက်ပိုင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့ဟာ ပိုးတွေ့ လူနာပေါင်း ၇၀၈၃ ယောက် အမြင့်ဆုံးဖြစ်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ပါ တယ် ၃၃ ဒသမ ၁၇ ရာခိုင်နှုန်း ရှိပါတယ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပိုးတွေ့လူနာပေါင်း ၅၅၀၆ ဦးရှိပြီးတော့မှ ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း၊ ရာခိုင်နှုန်းအားဖြင့် အမြင့်ဆုံး ဖြစ်တာကို တွေ့ရပါတယ်၊ ဒါပေမယ့်လည်း နိုင်ငံတော်ပိုင်း တာဝန်ရှိသူများကနေပြီး စနစ်တကျကြပ်မတ် ဆောင်ရွက်ပေးမှု၊ ပြည်သူများရဲ့ တာဝန်သိသိ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် အခုအချိန်မှာ ဖြစ်ပွားမှုနှုန်းဟာ ၂၂၀၀ ပတ်ဝန်းကျင်နဲ့ ဖြစ်ပွားမှုနှုန်း ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာကိုတွေ့ရပါတယ်၊ ဒီအတွက် ပူးပေါင်းဆောင်ရွက်မှုအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်၊ ကျွန်တော့်အနေနဲ့ ဒီလကုန်မှာ ၃ ရာခိုင်နှုန်းအထိ ကျဆင်းရေးအတွက်ကို ကြိုးစား ဆောင်ရွက်လျက် ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်မှာကျောင်းတွေဖွင့်ဖို့ ကျွန်တော်တို့ ရည်ရွယ်ချက် ရှိပါတယ်၊ ကိုဗစ်ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်မှုသေချာ မှသာ ကျောင်းဖွင့်နိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းများကလည်း ပြည်ပြည့်ဝဝ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်း နှင့်ပတ်သက်ပြီး သတ်မှတ်ထားချက်တွေကိုပိုမိုပြီး အလေးထားလိုက် နာပေးကြဖို့ ကျွန်တော်ပြောကြားလိုပါတယ်၊ ယနေ့ကာလမှာ ရှမ်းပြည်နယ်အချို့ ဒေသများ၊ မကွေးတိုင်းအချို့ဒေသများ ဖြစ်ပွားမှုနှုန်းမြင့်မားနေဆဲဖြစ်ပါတယ်၊ ဒါကို ကြပ်မတ် ထိန်းသိမ်းပေးဖို့ ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။

ဆက်လက်ပြီး ကျန်းမာရေးနဲ့ဆက်စပ်နေတဲ့ ကိစ္စရပ်တစ်ခုကျွန်တော်ပြောပြလို ပါတယ်၊ ဒါကတော့ ဆီစားသုံးမှုဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေ စားအုန်းဆီတန်ချိန် ၈ သိန်းကျော်တင်သွင်းခဲ့ရပါတယ်၊ အမေရိကန်ဒေါ် လာအားဖြင့် သန်းပေါင်း ၈၃၀ ကျော်ဖြစ်ပါတယ်၊ လူတစ်ယောက်ကို ၆ ပိဿာနှုန်းနဲ့ စားမယ်ဆိုရင်တောင်မှ မြန်မာနိုင်ငံမှာ ဆီလိုအပ်ချက်ဟာ တန်ချိန် ၅ သိန်းပဲရှိပါတယ်၊ တကယ်လို့ ၇ ပိဿာနှုန်းနဲ့စားမယ်ဆိုရင် ဆီလိုအပ်ချက် ၅ ဒသမ ၈ သိန်းရှိပါတယ်၊ တကယ်လို့ ၈ ပိဿာနဲ့စားမယ်ဆိုရင် ဆီလိုအပ်ချက် ၆ ဒသမ ၆ သိန်းရှိပါတယ်၊ အခု ၈ သိန်းကျော်သွင်းထားတဲ့အတွက်ကြောင့် ဆီစားသုံးမှုဟာ လွန်စွာမှ များပြားနေတယ်လို့ ပြောရမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပုတ်၊ နေကြာ၊ ဆီအုန်းစိုက်ပျိုးမှုတွေရှိပြီးတော့မှ ထုတ်လုပ်မှုလည်းရှိပါတယ်၊ ဒါတွေ နဲ့သာ ပေါင်းစပ်မယ်ဆိုရင် ဆီစားသုံးမှုဟာ အတော်များနေတယ်လို့ ကျွန်တော် ပြောရမှာ ဖြစ်ပါတယ်၊ ဒီအတွက် ဆီစားသုံးမှုလျှော့ချခြင်းအားဖြင့် တစ်ဖက်က ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုမှာဖြစ်သလို ပြည်ပကနေ ဆီ ဝယ်ယူမှုအတွက် သုံးစွဲနေရတဲ့ နိုင်ငံခြားငွေလည်း များစွာလျှော့ချနိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် မိဘပြည်သူများအနေနဲ့ ဆီစားသုံးမှုကို ကျန်းမာရေးအမြင်အရသော် လည်းကောင်း၊ နိုင်ငံရဲ့လိုအပ်ချက်အရသော်လည်းကောင်း ဒါကို ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းသိမ်းစားသုံးနိုင်ဖို့အတွက်လည်း ကျွန်တော်မေတ္တာ ရပ်ခံလိုပါတယ်။

သီတင်းကျွတ်အခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ထပ်မံဆုတောင်း မေတ္တာပို့သအပ်ပါတယ် ကျေးဇူး တင်ပါတယ်။