၂၀၁၈ ခုနှစ်၊ မြန်မာသမိုင်းအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၆၀ / ၂၀၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၁၈ ခုနှစ်၊ မြန်မာသမိုင်းအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၆၀ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ၂၀၁၈ ခုနှစ်၊ မြန်မာသမိုင်းအဖွဲ့ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေ ရမည်။
၂။ ၂၀၁၈ ခုနှစ်၊ မြန်မာသမိုင်းအဖွဲ့ဥပဒေပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၄။ ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်-
(က) မြန်မာသမိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ အသိပညာရှင်များ၊ အတတ်ပညာ ရှင်များ၊ သုတေသီများ၊ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆက်စပ်အဖွဲ့ အစည်းများမှတာဝန်ရှိသူများပါဝင်သည့် အချိန်ပြည့်အဖွဲ့ဝင်စုစုပေါင်း ၂၀ ဦး ထက်မပိုသော မြန်မာသမိုင်းအဖွဲ့ကို ဖွဲ့စည်းရမည်။
( ခ) သမိုင်းဆိုင်ရာ သုတေသနကဏ္ဍအတွက် လိုအပ်သည့် အကြံဉာဏ်များ၊ ဦးဆောင်မှုများပေးနိုင်သည့် သမိုင်းဆိုင်ရာ ကျွမ်းကျင်သူသက်ကြီး ပညာရှင် များနှင့် အထောက်အကူပြုနိုင်သည့် ဌာနဆိုင်ရာ ဆက်စပ်အဖွဲ့အစည်း များမှ တာဝန်ရှိသူများ စုစုပေါင်း ၁၅ ဦးထက်မပိုသော ပုဂ္ဂိုလ်များပါဝင်သည့် အချိန်ပိုင်းအဖွဲ့ဝင်များကိုလည်း လိုအပ်သလို ဖြည့်စွက်ဖွဲ့စည်းနိုင်သည်။
( ဂ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသည့် အချိန်ပြည့်အဖွဲ့ဝင်များမှ အဖွဲ့၏ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို တစ်ပါတည်း သတ်မှတ်ပေးရမည်။
(ဃ) ပုဒ်မခွဲ(က)နှင့် (ခ)တို့အရ ဖွဲ့စည်းထားသောအဖွဲ့ကို လိုအပ်ပါက ပြင်ဆင် ဖွဲ့စည်းနိုင်သည်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်-

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ