အင်းစိန်ဗဟို အကျဉ်းထောင်၌  ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ ၆၄၇ ဦးကို စနစ်တကျစိစစ်ပြီးလွှတ်ပေး

အင်းစိန်ဗဟို အကျဉ်းထောင်၌  ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ ၆၄၇ ဦးကို စနစ်တကျစိစစ်ပြီးလွှတ်ပေး

ရန်ကုန် အောက်တိုဘာ  ၁၈

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်   ဗဟိုအကျဉ်းထောင် (အင်းစိန်)၌  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၊  ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမိန့်အမှတ်(၁၈၆/၂ဝ၂၁)၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄ဝ၁ ပုဒ်မခွဲ(၁)အရ ၅ဝ၅-က ဖြင့် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား၊ အကျဉ်းသူ အချုပ်သား၊ အကျဉ်းသူ ၆၄၇ ဦးတို့အား လွှတ်ပေးသည့် အခမ်းအနားကို   ယနေ့ည ၆ နာရီခန့်က  အကျဉ်းဦးစီးဌာန အင်းစိန်ဗဟိုအကျဉ်းထောင် မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး    ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်၊ ရန်ကုန်တိုင်း ထောင်အုပ်စုဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဦး၊  မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးတင်ထွန်းနှင့် တာဝန်ရှိသူများက လွတ်မြောက်သည့် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများအား ဆုံးမသြဝါဒ စကားပြောကြားခဲ့ပြီး တစ်ဦးချင်း နှုတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် လွတ်မြောက်လာသူများကို  တာဝန်ရှိသူများက YBS မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။

အင်းစိန်ဗဟို အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ အမျိုးသား  ၅၉၂  ဦးနှင့် အမျိုးသမီး ၅၅ ဦး စုစုပေါင်း ၆၄၇ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျစိစစ်ပြီး လွှတ်ပေးခဲ့ကြောင်း သိရသည်။