ကော့သောင်း အကျဉ်းထောင်မှ အချုပ်သားများအား လွတ်ငြိမ်း သက်သာခွင့်ပေး

ကော့သောင်း အကျဉ်းထောင်မှ အချုပ်သားများအား လွတ်ငြိမ်း သက်သာခွင့်ပေး

ကော့သောင်း အောက်တိုဘာ  ၁၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် အမိန့်အမှတ် (၁၈၆/၂ဝ၂၁)ကို ယနေ့တွင် ထုတ်ပြန်ပြီး သည့်နောက် ညနေပိုင်းက တနင်္သာရီ တိုင်း ဒေသကြီး၊ ကော့သောင်း အကျဉ်းထောင်မှ အချုပ်သား၊  အချုပ်သူ ၄၆  ဦးအား လွှတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့သည့် အချုပ်သား၊ အချုပ်သူများကို ကော့သောင်းအကျဉ်း ထောင် အစည်းအဝေးခန်းမတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချို၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ထောင်ပိုင်ကြီးတို့ က ဆုံးမစကား ပြောကြားပြီး ထောင်လွှတ်လက်မှတ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံပြီးကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

ယနေ့ ကော့သောင်းမြို့နယ်တွင် လွတ်မြောက်ခဲ့သည့် အချုပ်သား အမျိုးသား  ၃၇ ဦး၊ အမျိုးသမီးကိုးဦး စုစုပေါင်း ၄၆ ဦးဖြစ်ကြောင်း သိရသည်။