MNA  လေကြောင်းလိုင်းမှ ရန်ကုန်-ဒူဘိုင်း-ရန်ကုန် Charter Flight များကို နိုဝင်ဘာ ၄ ရက် ၁၁ ရက် ၁  ရက်နှင့် ၂၅ ရက်တို့တွင် ပျံသန်းရန် စီစဉ်

MNA  လေကြောင်းလိုင်းမှ ရန်ကုန်-ဒူဘိုင်း-ရန်ကုန် Charter Flight များကို နိုဝင်ဘာ ၄ ရက် ၁၁ ရက် ၁  ရက်နှင့် ၂၅ ရက်တို့တွင် ပျံသန်းရန် စီစဉ်

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)အနေဖြင့် ရန်ကုန်-ဒူဘိုင်း-ရန်ကုန် Charter Flight များကို  နိုဝင်ဘာ ၄ ရက်၊ ၁၁ ရက်၊ ၁၈ ရက်နှင့် ၂၅ ရက်တို့တွင် ပျံသန်းရန် စီစဉ်ထားကြောင်း MNA မှ သိရသည်။

ရန်ကုန်-ဒူဘိုင်း၊ ဒူဘိုင်း-ရန်ကုန် Charter Flight များကို ဒူဘိုင်း၌ ရောက်ရှိနေသည့် နေရပ်သို့ပြန်လိုသော မြန်မာနိုင်ငံသားများနှင့်  ဒူဘိုင်းသို့ သွားရောက်လိုသူများအတွက် အဆင်ပြေစေရေး ပျံသန်းပေးရန် စီစဉ်ခြင်းဖြစ်သည်။

ပျံသန်းရာတွင် ရန်ကုန်-ဒူဘိုင်း Charter Flight များသည် သတ်မှတ်ရက်များ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ညနေ  ၅ နာရီတွင် စတင်ထွက်ခွာမည်ဖြစ် ကာ  ဒူဘိုင်းမြို့သို့   ဒေသစံတော်ချိန် ည ၉ နာရီခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ထို့အတူ ဒူဘိုင်း-ရန်ကုန် Charter Flight များသည် သတ်မှတ်ရက်များ၌ ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် ည ၁ဝ နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး    ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်သည်။

ဒူဘိုင်းမြို့သို့ သွားရောက်မည့် ခရီးသည်များ အနေဖြင့်     လိုအပ်သော အထောက်အထား၊ စာရွက်စာတမ်းများ ယူဆောင်သွားရမည်ဖြစ်ကာ ယင်းနိုင်ငံမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ သတ်မှတ်ချက်များကို အတိအကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး ဒူဘိုင်း-ရန်ကုန် Charter Flight များတွင်လိုက်ပါမည့်   ခရီးသည်များအနေဖြင့် ရန်ကုန်မြို့သို့ ဆိုက်ရောက်ချိန်တွင် Hotel  Quarantine နေထိုင်ရမည်ဖြစ်သည်။

အဆိုပါခရီးစဉ်တွင်  သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော    ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်း ခွင့်ပြုမည်ဖြစ်ကြောင်း၊  ယင်းလေယာဉ်ခရီးစဉ်များ အကြောင်း သိရှိလိုပါက ဖုန်း- ဝ၉- ၅ဝ၁၅၃၄၆ နှင့် crewing@snmaritime.com တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။