မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ တိုးချဲ့ (၄) မေဃ ဝန်ထမ်း၊ ပုထိုးတော်ကြီးဘုရားရှေ့ အမှိုက်ကန်အနီး၌စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၅ မိနစ် ခန့်တွင် မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး၊ ဦးထွန်းလင်းစိုးနှင့်အဖွဲ့သည် အမှိုက်ကန် သန့်ရှင်းရေး ဆောင်ရွက်နေစဉ် ဦးမာန်ဝင်းသည် သံချေးတက်နေသော အလျား ၁၁ ဒသမ ၅ လက်မ၊ လုံးပတ် ၉ ဒသမ ၅ လက်မခန့်ရှိ ဗုံးသီးဟောင်းတစ်လုံးအား တွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးသိမ်းဆည်း ခဲ့သည်။ အဆိုပါ ဗုံးသီးဟောင်းအား အများပြည်သူများ အန္တရာယ်မဖြစ်စေရေး လုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။