ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၄၆ ဦး တွေ့ရှိ

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၄၆ ဦး တွေ့ရှိ

ဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ ၂ဝ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ၃၆၄၆ ဦးရှိပြီး ယခုအချိန်အထိ ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်မှာ ၈၇၃၉ဝ၁ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံ၏ တောင်ပိုင်းဒေသများ၌ ဗိုင်းရပ် ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး ဟိုချီမင်းမြို့တော်၌ ၁၃၄၇ ဦးရှိကာ ဘင်ဒေါင်ပြည်နယ်၌ ၄၉၂ ဦးရှိပြီး ဒေါင်နိုင်းပြည်နယ်၌ ဗိုင်းရပ်ကူးစက်ခံရသူ ၃ဝ၅ ဦးရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအနှံ့တွင် ဗိုင်းရပ်ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူ၇၉၆၅၈၃ ဦးရှိပြီး သေဆုံးသူမှာ ၂၁၄၁၆ ဦးရှိကာ ကာကွယ်ဆေး အလုံးပေါင်း ၆၇ သန်းကျော် ထိုးပေးပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။

ယခုနှစ်ဧပြီလတွင် ဗိုင်းရပ်ကူးစက်မှု ပြန်လည်ဖြစ်ပွားစဉ်ကတည်းက  ဆေးရုံတွင်  တက်ရောက် ကုသမှုခံယူသူ အရေအတွက်မှာ  ၈၆၉၁၉၃  ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက   ဆက်ပြောသည်။