နီပေါနိုင်ငံ၌ မြေပြိုမှုနှင့် ရေကြီးမှုကြောင့် လူ ၄၈  ဦး သေဆုံး ၃၁ ဦး ပျောက်ဆုံး

နီပေါနိုင်ငံ၌ မြေပြိုမှုနှင့် ရေကြီးမှုကြောင့် လူ ၄၈  ဦး သေဆုံး ၃၁ ဦး ပျောက်ဆုံး

နီပေါနိုင်ငံ၌ သုံးရက်ကျော်ကြာ  မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုနှင့်ရေလွှမ်းမိုးမှုများ ဖြစ်ပွားခြင်းကြောင့် ၄၈ ဦးသေဆုံးပြီး ၃၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်တွင် မိုးရွာသွန်းမှု လျော့ကျသွားပြီးနောက် မမျှော်လင့်ဘဲ မိုးသည်းထန်စွာ ပြန်လည်ရွာသွန်းခြင်းဖြစ်သည်။ မိုးရွာသွန်းမှုကြောင့် မြစ်ရေနှင့် ချောင်းများတွင် ရေလျှံလျက်ရှိပြီးနိုင်ငံတစ်ဝန်း၌ မြေပြိုမှုဖြစ်ပွားသည်။

အောက်တိုဘာ ၂ဝ ရက် မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ရေကြီးမှုနှင့် မြေပြိုမှုတို့ကြောင့်  သေဆုံးသူများအပြင် ၂၃ ဦး ဒဏ်ရာရရှိကြောင်းနှင့်  အသေအပျောက် အရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်း ပြည်တွင်းရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ထို့ပြင်မိုးရွာသွန်းသည့် နေရာတွင် စိုက်ပျိုးမြေဧက ရာပေါင်းများစွာဆုံးရှုံးပြီး လူနေအိမ် ၂ဝ ခန့် လုံးဝပျက်စီးသွားသည်။ နိုင်ငံအတွင်းရှိ ခရိုင် ၇၇ ခုအနက် ဒေသ ၂ဝ မှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုဒဏ်ကို အဆိုးဝါးဆုံး     ရင်ဆိုင်နေရသည်။