ကျောက်မဲမြို့အဝင်၌ နွားများအား တရားမဝင်သယ်ဆောင်လာသူများကိုဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့အဝင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် စက်တင်ဘာ ၁၁ ရက် မွန်းလွဲ၂ နာရီခွဲခန့်တွင် နောင်ချိုမြို့ဘက်မှ သီပေါမြို့ဘက်သို့ ထွန်းမြတ်သူ (ဘ) ဦးသောင်းညွန့်မောင်းနှင်ပြီး နောင်နောင်ဇော် (ဘ)ဦးမြင့်အောင်နှင့် ဖိုးချစ်(ဘ) ဦးထွန်းမြတ်သူတို့ လိုက်ပါလာသည့် Super Mandalar Light Truck အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-81/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တင် ဆောင်လာသည့် နွား ၁၄ ကောင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မော်တော်ယာဉ်၊ နွားများနှင့်အတူ ဖမ်းဆီးရမိသူများအား ကျောက်မဲမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။